ကိုဗစ်ကာလ ရပ်တန့်ထားသည့် ကုန်တင်ယာဉ်များ မှတ်ပုံတင်ခြင်းလုပ်ငန်း ပြန်လည်လုပ်ဆောင်မည်
- 135 views
ကိုဗစ်ကာလအတွင်းရပ်နားထားတဲ့ ကုန်တင်ယာဉ်များမှတ်ပုံတင်ခြင်းလုပ်ငန်းကို လာမယ့် (၂၀၂၄) ဇန်နဝါရီလတွင် ပြန်လည်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်ပို့်ဆောင်ရေးယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းနဲ့ ရန်ကုန်တိုင်းအတွင်း ခရီးသည်တွေကိုဝန်ဆောင်မှုပေးတဲ့ City Taxi ယာဉ်တွေ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကိုဗစ်ကာလရောဂါအခြေအနေကြောင့် ယာယီရပ်နားထားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ကုန်စည်ပို့ဆောင်ရေးယာဉ် စုစုပေါင်း (၅၀၀၀၀) ဝန်းကျင်ရှိပြီး အဲဒီထဲက အလုံးစုံအာမခံထားရှိပြီးတဲ့ ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်တွေကို (၂၀၁၈) ကနေစတင်ပြီး မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ပြောပါတယ်။
ဒါ့အပြင် အဝေးပြေးကုန်စည်ပို့ဆောင်ရေးကို E-Lock စနစ်ကျင့်သုံးဖို့အတွက် (၉)တန်နဲ့အထက် ကုန်စည်ယာဉ်တွေအနေနဲ့ အသင်းတစ်ခုခုတွင် အသင်းဝင်ဖို့ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com