• Home
  • Car News
  • တရုတ်နိုင်ငံထုတ် EV မော်တော်ယာဉ် (၃) စီး မူဆယ် (၁၀၅) မိုင်သို့ ထပ်မံရောက်ရှိလာ

တရုတ်နိုင်ငံထုတ် EV မော်တော်ယာဉ် (၃) စီး မူဆယ် (၁၀၅) မိုင်သို့ ထပ်မံရောက်ရှိလာ

  • 108 views

 

တရုတ်နိုင်ငံထုတ် GEELY GEOMETRY C အမျိုးအစား EV လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီး ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို ရောက်ရှိလာတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေ အတိုင်း စိစစ်ပြီး ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလပိုင်းထဲမှာ EV လျှပ်စစ်သုံးမော်တော်ယာဉ်အပြင် EV ဆိုင်ကယ်နဲ့ EV သုံးဘီးယာဉ်တွေပါ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို ဆက်တိုက်ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းတွေကိုလည်း EV မော်တော်ယာဉ်တွေရောက်ရှိပါသေးတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့တင်သွင်းလာတဲ့ EV ကားတွေဟာ ဈေးကွက်ထဲမှာ သိန်း (၇၀၀) နီးပါးကနေ ကျပ်သိန်း (၂၀၀၀) ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။ လောင်စာဆီသုံးအိမ်စီးကားတွေ ဈေးမြင့်တက်နေရာကနေ အရောင်းအဝယ် တည်ငြိမ်နေပေမယ့်လည်း EV ကားတွေကတော့ အရောင်းအဝယ် ပုံမှန်ရှိနေသေးတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com