• Home
  • Car News
  • မူဆယ်တွင်စက်သုံးဆီ မပြတ်လပ်စေရေး တရုတ်နိုင်ငံမှဝယ်ယူ

မူဆယ်တွင်စက်သုံးဆီ မပြတ်လပ်စေရေး တရုတ်နိုင်ငံမှဝယ်ယူ

  • 274 views

 

ပြည်တွင်းပဋိပက္ခအခြေနေတွေကြောင့် လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေတဲ့အတွက် မူဆယ်မြို့တွင် စက်သုံးဆီမပြတ်လပ်စေဖို့ တရုတ်နိုင်ငံဘက်ကနေ စက်သုံးဆီတင်သွင်းပြီး ရောင်းချဖို့ပြင်ဆင်နေတယ်လို့ လူသားခြင်း စာနာထောက်ထားမှု အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး မူဆယ်ဒေသခံတွေကို ပြန်လည်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

အလားတူ ရန်ကုန်မြို့က စက်သုံးဆီဆိုင်တချို့ ဆီပြတ်လပ်မှုတွေရှိနေပြီး စက်သုံးဆီဝယ်ယူဖို့ စောင့်ဆိုင်းနေရတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁)ရက်နေ့ကစပြီး စက်သုံးဆီဈေး ရုတ်တရက်မြင့်တက်သွားပြီးနောက် ရက်ပိုင်းအတွင်းမှာ စက်သုံးဆီ အခက်ခဲဖြစ်လာတာပါ။

သီလဝါအထူးစီးပွားဇုန်ကို ပြည်ပက စက်သုံးဆီတင်သင်္ဘောတွေ ဆက်တိုက်ရောက်ရှိနေပြီး မြန်မာတစ်နိုင်ငံလုံးကို ပုံမှန်အတိုင်း ရောင်ချပေးနေတယ်လို့ နိုင်ငံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အစိုးရအနေနဲ့လည်း တစ်လစာအရံ စက်သုံးဆီကိုသိုလှောင်ထားလို့ ဆီပြတ်လပ်မှာကို စိတ်ပူစရာမလိုဘူးလို့ ပြောဆိုထားပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com