• Home
  • Car News
  • Toyota က ဂျပန်တွင် Land Cruiser 70 series ကို ဂျပန်တွင် ပြန်လည်ထုတ်လုပ်

Toyota က ဂျပန်တွင် Land Cruiser 70 series ကို ဂျပန်တွင် ပြန်လည်ထုတ်လုပ်

  • 447 views

Toyota က Land Cruiser 70 series ကို ပြန်လည်ထုတ်လုပ်ကာ ဈေးကွက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သြဂုတ်လအစောပိုင်းတွင် ကြေညာခဲ့သည်။

ထိုအချိန်က Toyota သည် ၂၀၂၄ Land Cruiser သစ်များ ဈေးကွက်သို့ စတင်ဖြန့်ချိချိန် ဖြစ်သည်။

ပြန်လည်ထုတ်လုပ်လိုက်သော အင်ဂျင်တစ်လုံးပါ Land Cruiser 70 ကို ယန်းငွေ ၄,၈၀၀,၀၀၀ မှ စတင်ဝယ်ယူ နိုင်မည် ဖြစ်သည်။

 

 

Toyota အတွက် အလွန်အလုပ်များသော နှစ်တစ်နှစ်ဖြစ်ပြီး ကားမော်ဒယ်များစွာကို ဒီရေလှိုင်းလုံးများပမာ တရိပ်ရိပ်ထုတ်လုပ်လာခဲ့ရာ ပြိုင်ဘက်တို့၏ အပေါ်တွင် ရပ်တည်နေခဲ့သည်။

မျိုးဆက်သစ်များ ၊ ပထမဆုံးသော မော်ဒယ်များ ၊ ဆန်းသစ်ထုတ်လုပ်မှုများ ၊ Special Edition များကို တကမ္ဘာလုံးတွင် မိတ်ဆက်ခဲ့သည်။

 

 

သာဓကအားဖြင့် အမေရိကတွင် အရောင်းရဆုံး အလတ်စားအရွယ် ဆီဒင်မျိုးဆက်သစ် ဖြစ်သော 2025 Camry နှင့်အတူ ထိုင်ခုံ ၅ ခုံပါ Crossover SUV ဖြစ်သော 2025 Crown Signia တို့ကို ၂၀၂၃ ခုနှစ် လော့စ်အိန်ဂျလိ ကားပြပွဲတွင် ပွဲထုတ်ခဲ့သည်။

ထို့နောက် Toyota သည် ဥရောပသို့ လျင်မြန်စွာ ခြေဆန့်ခဲ့ပြီး ယခင်ထက် ပိုမိုစွမ်းအားကောင်းသော Hybrid 130 Powertrain ပါဝင်သည့် Yaris Cross ကို မိတ်ဆက်ခဲ့သည်။

 

ယခုအခါ Toyota က ဂျပန်ပြည်တွင်းဈေးကွက်အပေါ် အာရုံစိုက်လာပြီး သြဂုတ်လကပေးခဲ့သော ကတိကဝတ် ကို အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။

အကယ်၍ သင်သည် ဂျပန်တွင်နေထိုင်ပြီး ၁၉၈၄ ခုနှစ်ထုတ် ကားဒီဇိုင်းမျိုးကို ခေတ်မီပစ္စည်းများဖြင့် လိုချင် သည်ဆိုပါက ပြန်လည်မိတ်ဆက်လိုက်သော Land Cruiser 70 series မှာ သင့်အတွက်ပင် ဖြစ်ပါသည်။

 

ဤကားဒီဇိုင်းသည် စတင်မိတ်ဆက်ခဲ့သည့် ၁၉၈၄ ခုနှစ်ကတည်းက များစွာပြောင်းလဲခြင်း မရှိချေ။

ဤကားသည် ဈေးကွက်တွင် ဆယ်စုနှစ် ၄ ခုနီးပါး ရပ်တည်ခဲ့ပြီးနောက် ယခုအခါ ဂျပန်ပြည်တွင်းဈေးကွက်တွင် ပြန်လည် ထုတ်လုပ်လာခြင်းလည်း ဖြစ်သည်။

1GD-FTV2.8-liter direct –injection turbo ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး ကားမှာမူ ပုံထွက်ကြမ်းသည်။

 

 

Land Cruiser 70 သည် ဆွဲအား ၂၀၁ hpနှင့် ရုန်းအား ၃၆၉ lb-ft ရှိသည်။

Vehicle Stability Control စနစ် (VSC) ၊ Active Traction Control (A-TRC) ၊ Hill Start Assist Control (HAC) နှင့် Downhill Assist Control (DAC) စနစ်တို့အပြင် အခြားအရာများစွာ ပါဝင်သည်။

ဈေးနှုန်းမှာ ယန်းငွေ ၄,၈၀၀,၀၀၀ မှစသည်။ လက်ရှိငွေလဲနှုန်းများအရ ကန်ဒေါ်လာ ၃၂၅၇၄ ခန့် ဖြစ်သည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  As Promised, Toyota Has Reintroduced the Land Cruiser 70 Series at Home In Japan  (autoevolution)