• Home
  • Car News
  • အခုနှစ် (၁၁) လအတွင်း EV အမျိုးမျိုး အစီးရေ (၄၀၀၀) ကျော် မှတ်ပုံတင်ထား

အခုနှစ် (၁၁) လအတွင်း EV အမျိုးမျိုး အစီးရေ (၄၀၀၀) ကျော် မှတ်ပုံတင်ထား

  • 150 views

 

လျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကနဦးအစီစဉ်လုပ်ဆောင်နေတဲ့ ၂၀၂၃  ခုနှစ် (၁၁) လတာ ကာလအတွင်း EV မော်တော်ယာဉ်နဲ့ EV ဆိုင်ကယ် ၊ သုံးဘီးယာဉ် အစီးရေ စုစုပေါင်း(၄၀၉၉) စီးကို မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

အခုနှစ် နိုဝင်ဘာလကုန်အထိ EV လူစီးမော်တော်ယာဉ် (၁၅၀၀) ကျော် ၊ EV ကုန်တင်(ဝန်ပေါ့)ယာဉ်(၂) စီးကို မှတ်ပုံတင်ခွင့် ပြုထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် EV ဆိုင်ကယ် (၂၃၀၀) ကျော်နဲ့ သုံးဘီးတပ်ယာဉ် (၂၂၀)  ကျော်တို့ကို ခွင့်ပြုပေးထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

 

လတ်တလော ရန်ကုန်ကားဈေးကွက်မှာ EV ကားဈေးတွေ အရောင်းအဝယ်ဖြစ်နေပေမယ့် ငွေကျပ်သိန်း (၂၀၀) ဝန်းကျင်လောက် ဈေးကျသွားတယ်လို့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။ 

အရင်က ကျပ်သိန်း (၁၇၀၀) ကျော် ပေါက်ဈေးရှိခဲ့တဲ့ EV ကားတွေဟာ အခုလက်ရှိမှာ ကျပ်သိန်း (၁၅၀၀) ဝန်းကျင်အထိသာ ပေါက်ဈေးရှိတော့တယ်လို့ အဲဒီအသင်းကနေ သိရပါတယ်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com