• Home
  • Car News
  • အခုနှစ်ဧပြီလမှ အောက်တိုဘာလအထိ ယာဉ်အန္တရာယ်ကြောင့်ထိခိုက်သေဆုံးခဲ့သူ (၁၅၀၀) ကျော်အတွက် ကျပ်သိန်း(၈၀၀၀) ကျော်အာမခံလျော်ကြေးငွေပေးအပ်ထား

အခုနှစ်ဧပြီလမှ အောက်တိုဘာလအထိ ယာဉ်အန္တရာယ်ကြောင့်ထိခိုက်သေဆုံးခဲ့သူ (၁၅၀၀) ကျော်အတွက် ကျပ်သိန်း(၈၀၀၀) ကျော်အာမခံလျော်ကြေးငွေပေးအပ်ထား

  • 75 views

အခုနှစ် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်ရဲ့ ဧပြီလကနေအောက်တိုဘာလအထိ ယာဉ်အန္တရာယ်ကြောင့် ထိခိုက်သေဆုံးသူ(၁၅၀၀)ကျော် အတွက် ကျပ်သိန်း(၈၀၀၀)ကျော် ကို သူတစ်ပါးထိခိုက်မှုအာမခံအဖြစ် လျော်ကြေးငွေပေးအပ်ထားတယ်လို့  မြန်မာ့အာမခံလုပ်ငန်းမှသိရပါတယ်။မြန်မာ့အာမခံလုပ်ငန်းရဲ့စာရင်းအရ ယာဉ်တိုက်မှုကြောင့်သေဆုံးသူ (၁၅၉၀ )ဦးအတွက် ကျပ်သိန်းပေါင်း(၈၆၄၀) ကျပ်ကို လျော်ကြေးအဖြစ်ပေးချေ ထားတယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေကို (၁၉၇၆) ခုနှစ်ဖြစ်ပြီး ဘယ်စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံမဖြစ်မနေထားရမယ့် နည်းဥပဒေအဖြစ်ဆောင်ရွက်ခဲ့တာပါ။စတင်ကျင့်သုံးစဉ်က အာမခံထားရှိသူသေဆုံးပါက ကျပ်(၁၀၀၀၀)နှုန်း ပေးဆောင်ရပြီး ဒဏ်ရာရရှိပါက ငွေကျပ် (၈၀၀၀)နှုန်း ပေးဆောင်ရမှာပါ။အဲ့ဒီခေတ်နဲ့အညီလျော်ကြေးငွေကိုတိုးမြှင့်သတ်မှတ်လာတာဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှသိရပါတယ်။

ဒါပေမယ့် အာမခံထားရှိသူယာဉ်ပိုင်ရှင်များရဲ့ပေးချေရတဲ့နှုန်းထားကိုတော့ တိုးမြှင့်ကောက်ခံခြင်းမပြုဘဲ ကိုပိုင်ယာဉ်ဆိုရင် အနိမ့်ဆုံး(၅၀၀၀) ကျပ်မှ အမြင့်ဆုံး(၁၀၀၀၀) ကျပ်၊ အငှားဆိုရင် အနိမ့်ဆုံး(၁၀၀၀၀)ကျပ်မှ အမြင်ဆုံး(၁၅၀၀၀) ကျပ် သတ်မှတ်ထားတယ်လို့သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဘယ်စက်တပ်ယာဉ်မဆို အဲ့ဒီပရီမီယံကြေးပေးဆောင်မှ သက်ဆိုင်ရာဌာနအသီးသီးက ယာဉ်တွေကိုဖြတ်သန်းပြေးဆွဲမောင်းနှင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com