• Home
  • Car News
  • မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များမှာ Mobile App ဖြင့် Booking ယူသည့်စနစ် ကျင့်သုံးရန်စီစဉ်

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များမှာ Mobile App ဖြင့် Booking ယူသည့်စနစ် ကျင့်သုံးရန်စီစဉ်

  • 168 views

 

CNG မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွေမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းမှု လျော့နည်းစေဖို့ရည်ရွယ်ပြီး Mobile App ကနေ ကြိုတင် Booking ယူတဲ့စနစ်ကျင့်သုံးဖို့ စီစဉ်နေတယ်လို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။

ရန်ကုန်မှာ CNG မော်တော်ယာဉ်တွေ သွားလာမှုများပြားတာကြောင့် CNG ဆိုင်တွေမှာ အချိန်ကြာကြာ စောင့်ဆိုင်းရတာတွေ ရှိနေပါတယ်။ ဒါကြောင့် Mobile App ကနေ ကြိုတင် Booking ယူတဲ့စနစ်ကျင့်သုံးဖို့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးနေပြီး ကနဦးစမ်းသပ်မှုတွေလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ရောင်းချပေးနေတဲ့ CNG ဆိုင်တွေမှာ တစ်ရက်ကို CNG ကုဗပေ (၁၉)သန်းဝန်းကျင် ရောင်းချပေးနေတယ်လို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။ ဒါ့အပြင်လာရောက် ဖြည့်တင်းတဲ့ CNG သုံး မော်တော်ယာဉ်အစီးရေ (၂၈၀၀၀)ကျော် ရှိနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ဂတ်(စ်)ပိုက်လိုင်းနဲ့သွယ်တန်းရောင်းချနေတဲ့ CNG ဆိုင်(၃၅)ဆိုင်၊ တွဲကားတွေနဲ့ လိုက်လံရောင်းချနေတဲ့ ဆိုင်(၆)ဆိုင်ရှိနေပြီး စုစုပေါင်း CNG ဆိုင်ပေါင်း (၄၁)ဆိုင်ရှိတယ်လို့ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။ တစ်ရက်ကို YBS (CNG) ယာဉ်အစီးရေ (၂၉၀၀)ကျော်၊ Taxi နဲ့ mini ယာဉ်ပေါင်း(၂၅၀၀၀)ကျော်ရှိတယ်လို့လည်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com