ယခုတစ်ပတ်ရည်ညွှန်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဈေးအနှုန်းငယ်မြင့်တက်လာ
- 181 views
နိုဝင်ဘာလနောက်ဆုံးအပတ်ထဲမှာသတ်မှတ်စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေ ဈေးမြင့်တက်လာတယ်လို့ အပတ်စဉ်ရည်ညွှန်းသတ်မှတ်ပေးနေတဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေသိရပါတယ်။အရင်အပတ်က 92 Ron တစ်လီတာကို ငွေကျပ်(၂၁၀၅)ကျပ်ရှိနေရာကနေ အခုတစ်ပတ်မှတ်တော့ ငွေကျပ် (၂၁၇၀)ကျပ်အထိဈေးမြင့်လာတာဖြစ်ပါတယ်။
ပြည်ပက စက်သုံးဆီတင်သင်္ဘောတွေဆက်တိုက်ရောက်ရှိနေလို့ ပြည်တွင်းမှာစက်သုံးဆီပြတ်လတ်မှာ ကိုစိုးရိမ်စရာမလိုဘူးလို့ နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြထားပါတယ်။လက်ရှိမှတော့ ဓာတ်ဆီဈေးအပြင် ဒီဇယ်ဈေးတွေလည်း ငွေကျပ်(၇၀)ဝန်းကျင်အကြားပေါက်ဈေးမြင့်တက်လာတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးဖို့အတွက် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအဖွဲ့မှာ ပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီ(၃)ခုဟာ အဖွဲ့ဝင်တွေအဖြစ်ပါဝင်လာပါတယ်။
လက်ရှိ ရန်ကုန်စက်သုံးဆီဈေးကွက်မှာ 92 Ron တစ်လီတာကိုငွေကျပ်(၂၁၇၀)ကျပ် ၊ 95 Ron တစ်လီတာကို ငွေကျပ် ( ၂၃၀၀)ကျပ် ၊ ဒီဇယ်တစ်လီတာကို ငွေကျပ်(၂၂၀၀)ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ငွေကျပ်( ၂၂၉၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေသိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com