- Home
- Car News
- ရန်ကုန်မှာကျင်းပနေတဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်မှာ ပြည်ပကုမ္ပဏီ(၃၁)ခု ထုတ်လုပ်နေတဲ့ စက်ယန္တရားတွေ မောင်းနှင်ပြသမည်
ရန်ကုန်မှာကျင်းပနေတဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်မှာ ပြည်ပကုမ္ပဏီ(၃၁)ခု ထုတ်လုပ်နေတဲ့ စက်ယန္တရားတွေ မောင်းနှင်ပြသမည်
- 167 views
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကိုနိုဝင်ဘာလ(၂၅) ရက်နေ့စတင်ကျင်းပနေပြီး အဲ့ပွဲတော်မှာ ဂျာမနီ၊အီတလီ၊တူရကီစတဲ့ ပြည်ပကုမ္ပဏီ(၃၁)ခုမှာ ထုတ်လုပ်နေတဲ့စက်ယန္တရားတွေကို မောင်းနှင်ပြသသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေသိရပါတယ်။ ဒီပြပွဲမှာစက်မှုနိုင်ငံ (၉) နိုင်ငံမှာရှိတဲ့ ပြည်ပကုမ္ပဏီ(၃၁)ခုကပြသသွားမှာဖြစ်ပါတယ်။
အဲ့ဒီတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ(၂၅) ရက်နေ့ကနေ(၂၇)ရက်နေ့အထိကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ပွဲတော်ကိုလာရောက်လည်ပတ်လိုသူတွေအတွက် ကြိုပို့ယာဉ်တွေလည်းစီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကသိရပါတယ်။အဲ့ဒီဈေးရောင်းပွဲတော်မှာ ရန်ကုန်တိုင်းအတွင်းက စက်မှုလက်မှုလုပ်ငန်းရှင်တွေ၊အသေးစား ၊ အငယ်စား ၊ အလတ်စား ၊ ထုတ်ကုန်ပစ္စည်းများကိုလည်းရောင်းချပေး သွားမှာဖြစ်ပါတယ်။
အဲ့ဒီပွဲတော်မှာ E-Sport ဂိမ်းပြိုင်ပွဲတွေအပြင် ပျော်ပွဲရွှင်ပွဲတွေလည်းထည့်သွင်းပေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com