• Home
  • Car News
  • EV ဆိုင်ကယ်နှင့် သုံးဘီးတွေအများဆုံးတင်သွင်းနေသည့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးစခန်းအစား တခြားနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့်ပြောင်းလဲတင်ပို့နိုင်

EV ဆိုင်ကယ်နှင့် သုံးဘီးတွေအများဆုံးတင်သွင်းနေသည့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးစခန်းအစား တခြားနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့်ပြောင်းလဲတင်ပို့နိုင်

  • 268 views

တရုတ်နိုင်ငံထုတ် EV ဆိုင်ကယ်တွေနဲ့ EV သုံးဘီးယာဉ်တွေ အများဆုံးတင်သွင်းနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးစခန်းအပြင် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှ ပို့ကုန်တင်ပို့၊တင်သွင်းခြင်းလုပ်ငန်းတွေ အခက်အခဲရှိနိုင်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

အဲဒီကာလတွေမှာ ကုန်သွယ်မှုလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာမှု မရှိစေဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းတွေကို မြန်မာ-တရုတ်နယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ တခြားဘယ်ကုန်သွယ်ရေးစခန်းကမဆို စခန်းပြောင်းလဲခွင့်ပြုပေးသွားမှာဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ကိစ္စရပ်တစ်ခုခြင်းပေါ်မူတည်ပြီး ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပို့ကုန်တင်ပို့လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းတွေကို မြန်မာ-တရုတ်နယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ တခြားဘယ်ကုန်သွယ်ရေးစခန်းကမဆို စခန်းပြောင်းလဲခွင့် ပြုပေးသွားမှာဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ကိစ္စရပ်တစ်ခုခြင်းပေါ်မူတည်ပြီး ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com