• Home
  • Car News
  • စင်ကာပူလက္ကား စက်သုံးဆီဈေးနှုန်းများမြင့်တက်လာလို့ ပြည်တွင်းဓာတ်ဆီဈေးအနည်းငယ် မြင့်တက်လာ

စင်ကာပူလက္ကား စက်သုံးဆီဈေးနှုန်းများမြင့်တက်လာလို့ ပြည်တွင်းဓာတ်ဆီဈေးအနည်းငယ် မြင့်တက်လာ

  • 104 views


နိုဝင်ဘာလ (၂၂)ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်း ရည်ညွှန်းလက်လီဈေးနှုန်း 92 တစ်လီတာကို ( ၂၂၁၀)ကျပ်နဲ့ 95 တစ်လီတာကို ငွေကျပ် (၂၃၅၀)ကျပ်ဖြစ်တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီဈေးနှုန်းဟာ နှစ်ရက်အတွင်းငွေကျပ် (၁၀၀)ဝန်းကျင် ဈေးမြင့်တက်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀) ရက်နေ့က 92 တစ်လီတာကို (၂၁၀၅) ကျပ်၊ 95 တစ်လီတာကို (၂၂၄၀) ကျပ်သာ ရည်ညွှန်းဈေးနှုန်းရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဓာတ်ဆီဈေးနှုန်းတွေ ဈေးမြင့်တက်လာတယ်လို့ စက်တင်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘောတွေ ဆက်တိုက်ရောက်ရှိနေပြီး စက်သုံးဆီတွေ ဂါလံသန်းနဲ့ချီပြီး ဖြန့်ဖြူးရောင်းချနေတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားသလို ရုရှားနိုင်ငံမှ စက်သုံးဆီတင်သွင်သိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com