- Home
- Car News
- BYD က ၁၀၃၀ ကီလိုမီတာ မောင်းနိုင်သော လျှပ်စစ် Hybrid SUV ကို ဈေးကွက်သို့ စတင် ပို့ဆောင်
BYD က ၁၀၃၀ ကီလိုမီတာ မောင်းနိုင်သော လျှပ်စစ် Hybrid SUV ကို ဈေးကွက်သို့ စတင် ပို့ဆောင်
- 240 views
တရုတ်ထိပ်သီး လျှပ်စစ်ကားကုမ္ပဏီကြီး BYD သည် ကားမော်ဒယ်သစ်တစ်ခု စတင်ဖြန့်ချိလိုက်ပြီး ဥရောပ ဈေးကွက်သို့ မကြာမီ ရောက်ရှိလာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
ယခုဖြန့်ချိလိုက်သည်မှာ Denza N Series ဖြစ်သည်။
မော်ဒယ်ဟောင်းဖြစ်သော Denza X ကို Features အချို့ထပ်မံ ဖြည့်စွက်ထားခြင်းလည်း ဖြစ်သည်။
BYD မှ အသစ်ထုတ်လုပ်လိုက်သော Denza N8 သည် ကိုယ်ထည်အလျား ၄ ဒသမ ၉၄ မီတာနှင့် အကျယ်မှာ ၁ ဒသမ ၉၅ မီတာရှိပြီး Wheelbase မှာ ၂ ဒသမ ၈၃ မီတာရှိသည်။
ထိုမော်ဒယ်မှာ ဥရောပတွင် ယနေ့စတင်ရောင်းချသော BYD Tang ထက်ပိုမိုကြီးမားသည်။
BYD Tang မှာ လျှပ်စစ်ကား ဖြစ်သည်။
Denza N8 မှာ Denza N7 ဒီဇိုင်းအတိုင်း ထုတ်လုပ်ထားခြင်းဖြစ်သည်။
Sensor ၂၄ ခုပါဝင်သော Driving Assistance Function များ ပါဝင်ရာ Ultrasonic Radar ၁၂ ခု ၊ ၅ မီလီမီတာ Wave Radar များနှင့် ကင်မရာ ၆ လုံးတို့ အပါအဝင် ဖြစ်သည်။
ထိုနည်းပညာများမှာ လက်ရှိဈေးကွက်တွင် နောက်ဆုံးပေါ် အဆင့်မြင့်ဆုံး နည်းပညာများ ဖြစ်သည်။
စပိန်တွင် စတင်ရောင်းချနေသော BYD Tang မှာ လျှပ်စစ်ကားဖြစ်ပြီး ယခုမော်ဒယ်မှာ လျှပ်စစ်အပြင် အင်ဂျင်လည်း တပ်ဆင်ထားသော Hybrid ကားလည်း ဖြစ်သည်။
မကြာသေးမီရက်များအတွင်း Denza N8 ကို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ရှိမရှိ စမ်းသပ်မှုများ ပြုလုပ် နေပြီး မကြာမီတွင် အဆိုပါ လျှပ်စစ် Hybrid ကားမှာ ဥရောပဈေးကွက်သို့ ရောက်ရှိလာဖွယ်ရှိသည်။
Denza N8 တွင် 1.5 Turbo အင်ဂျင်နှင့် လျှပ်စစ်မော်တာ ၂ လုံးတပ်ဆင်ထားသည်။
ရှေ့ဝင်ရိုးတွင် လျှပ်စစ်မော်တာ ၁ လုံးနှင့် နောက်ဝင်ရိုးတွင် ၁ လုံးတပ်ဆင်ထားပြီး all-wheel drive စနစ်ဖြစ်သည်။
ထိုအင်ဂျင်နှင့် မော်တာ ၃ လုံးပေါင်း အထွက်အားမှာ ၄၈၂ hp ရှိပြီး 0 to 100km/h ကို ၄ ဒသမ ၃ စက္ကန့် အတွင်း ရရှိနိုင်သည်။
Denza N8 ၏ အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ၁၉၀ ကီလိုမီတာ ဖြစ်သည်။
ဆီစားနှုန်းမှာ ၁၀၀ ကီလိုမီတာလျှင် ၆ ဒသမ ၄၅ လီတာဖြစ်ပြီး လျှပ်စစ်ဖြင့် မောင်းမည်ဆိုလျှင် စွမ်းအင် သုံးစွဲမှုမှာ ၁၀၀ ကီလိုမီတာလျှင် ၁၈ ဒသမ ၂ kWh ဖြစ်သည်။
လျှပ်စစ်ပိုင်းအနေဖြင့် ၄၅ ဒသမ ၈ kWh ရှိသော BYD Blade ဘက်ထရီ တပ်ဆင်ထားသည်။
လျှပ်စစ်ဖြင့် မောင်းနှင်မည်ဆိုပါက ၂၁၆ ကီလိုမီတာ မောင်းနှင်နိုင်မည်ဖြစ်ပြီး စုစုပေါင်း ၁၀၃၀ ကီလိုမီတာအထိ မောင်းနှင်နိုင်မည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD launches electric SUV with 1030 km range (latestcarnews)