• Home
  • Car News
  • လျှပ်စစ်အားသွင်းစက်များနှင့် လျှပ်စစ်ကားများ ဝယ်ယူရာ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်

လျှပ်စစ်အားသွင်းစက်များနှင့် လျှပ်စစ်ကားများ ဝယ်ယူရာ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်

  • 143 views

 

လျှပ်စစ်ကား (EV) တွေနဲ့ လျှပ်စစ်အားသွင်းစက်များ ဝယ်ယူတဲ့နေရာမှာ စိတ်ကျေနပ်မှုမရှိရင် ဒါမှမဟုတ် နစ်နာဆုံးရှုံးရင် စားသုံးသူရေးရာဦးစီးဌာနရဲ့ Call Center နံပါတ် (၁၅၃၅) ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

စားသုံးသူများ အလွယ်တကူဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ဖို့အတွက် နေပြည်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးပေါင်း (၄၈)ရုံးကို ဖွင့်လှစ်ထားတယ်လို့လည်း ကြေညာထားပါတယ်။ ဒါ့အပြင် Call Center နံပတ်(၁၅၃၅) ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။

စားသုံးရေးရာဦးစီးဌာန ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး ၊ စိတ်ကျေနပ်မှု ၊ အာမခံရရှိစေးရေးတို့ ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ ထုတ်ပြန်ကြေညာထားပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com