- Home
- Car News
- ပြည်သူ့ရင်ပြင်မှာ ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ပါဝင်တဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပမည်
ပြည်သူ့ရင်ပြင်မှာ ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ပါဝင်တဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပမည်
- 100 views
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်မှာ ဆိုင်ခန်းပေါင်း(၄၀၀)ကျော်ပါဝင်တဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို လာမယ့်နိုဝင်ဘာလ(၂၅)ရက်နေ့က ကနေ (၂၇)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။
(၂၀၂၃) ခုနှစ်ထုတ် စက်မှုထုတ်ကုန်ပစ္စည်း ၊ စက်ယန္တရားနည်းပညာပြပွဲ ၊ တန်ဆောင်တိုင်မီးထွန်းတော်ကျင်းပနိုင်ဖို့လည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေသိရပါတယ်။
အဲဒီပွဲတော်ကို စက်မှုဇုန်တွေက လုပ်ငန်းရှင်တွေ၊ အသေးစား၊ အငယ်စား ၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ ဆန်၊ဆီ၊ဆား အရောင်းဆိုင်ခန်းတွေနဲ့ တခြားနယ်တွေက လာရောက်ပြသတဲ့ ထုတ်ကုန်အရောင်းပြခန်း(၄၅၅) ခန်းပါဝင်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် E-Sport ဂိမ်းပြိုင်ပွဲတွေ ၊ ဖျော်ဖြေပွဲတွေနဲ့ပျော်ပွဲရွှင်ပွဲတွေလည်းပါဝင်ပါတယ်။
လာရောက်လည်ပတ်သူတွေ သွားလာရအဆင်ပြေစေဖို့ ကြို/ပို့ကားတွေ စီစဉ်ပေးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com