သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်အဆင်မြှင့်တင်မည်။
- 181 views
ရန်ကုန်မှာလျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ဖို့အတွက် ကျောက်တန်းမြို့နယ်ထဲမှာရှိတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ၊ သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံကို ပြန်လည်ပြုပြင် အဆင့်မြှင့်တင်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကသိရပါတယ်။ ဓာတ်အားပေးစက်ရုံများ အချိန်မရွေးမောင်းနှင်နိုင်ဖို့ အရန်စက်သုံးဆီတွေကိုကြိုတင်စုဆောင်းထားဖို့ ကိုလည်းစီစဉ်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကဆိုပါတယ်။
ဒါ့အပြင် သီလဝါအထူးစီးပွားရေးနယ်မြေအတွင်းမှာ အသစ်ထပ်မံတည်ဆောက်မယ့် (၂၃၀)KV ပင်မဓာတ်အားခွဲရုံတစ်ခုတည်ဆောက်သွားမှာဖြစ်ပြီး ရန်ကုန်မှာလျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။စက်ရုံတွေ အဆင့်မြှင့်တင်ပြီးပါက ထပ်မံလိုအပ်မယ့်ဓာတ်အားလိုင်း အဝင်အထွက်တွေကို ကြိုတင်လျာထားဆောင်ရွက်မှာလည်းဖြစ်ပါတယ်။
ပြည်တွင်းမှာ(၂၀၂၃)အစောပိုင်းလောက်ကစပြီး လောင်ဆာဆီသုံးကားတွေကိုလျှော့ချဖို့ စွမ်းအင်သစ်သုံး EV ကားတွေပြည်တွင်းဈေးကွက်ထဲဝင်ရောက်လာပါတယ်။
EVကားသုံးစွဲသူတွေအနေနဲ့ လျှပ်စစ်မီးပြဿနာကိုဖြေရှင်းပေးကိုလည်းလိုလားနေကြတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရုတ်နိုင်ငံမှာပြုလုပ်တဲ့ (၆)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ်ကို မြန်မာနိုင်ငံကသွားလေ့လာခဲ့ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာအောင် လျှပ်စစ်ကားများသုံးစွဲခြင်းနှင့် Smart Grid များဖြန့်ကြက်ခြင်းတွေနဲ့ မြို့ပြဖွံ့ဖြိုးအောင်ဆောင်ရွက်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြောကြားခဲ့သလို ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် စွမ်းအင်ရည်မှန်းချက်ကိုပြည့်မှီဖို့ စိန်ခေါ်မှုတွေနဲ့အတားအဆီးတွေရှိနေတယ်လို့ လည်းပြောကြားခဲ့ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com