• Home
  • Car News
  • လူနေမှုအဆင့်အတန်းမြင့်မားလာအောင် လျှပ်စစ်ကားများသုံးစွဲခြင်းဖြင့် မြို့ပြဖွံ့ဖြိုးရန်ဆောင်ရွက်နေဟုဆို

လူနေမှုအဆင့်အတန်းမြင့်မားလာအောင် လျှပ်စစ်ကားများသုံးစွဲခြင်းဖြင့် မြို့ပြဖွံ့ဖြိုးရန်ဆောင်ရွက်နေဟုဆို

  • 90 views

 

လူနေမှုအဆင့်အတန်းမြင့်မားလာအောင် လျှပ်စစ်ကားများသုံးစွဲခြင်းနှင့် Smart Grid များဖြန့်ကြက်ခြင်းတွေနဲ့ မြို့ပြဖွံ့ဖြိုးအောင်ဆောင်ရွက်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားထားပါတယ်။ တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ (၆)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှု ဆိုင်ရာဖိုရမ်မှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် စွမ်းအင်ရည်မှန်းချက်ကိုပြည့်မီဖို့ စိန်ခေါ်မှုတွေနဲ့ အတားအဆီးတွေ ရှိနေတယ်လို့ လည်းပြောကြားခဲ့ပါတယ်။ အာရှ-ပစိဖိတ်ဒေသအတွင်း စွမ်းအင်ဈေးကွက် တည်ထောင်ခြင်းနှင့် အစိမ်းရောင် စွမ်းအင်အသုံးပြုမှု ကူးပြောင်းခြင်းကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ ယုံကြည်တယ်လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ(၂၀၂၃)ခုနှစ်အတွင်း စုစုပေါင်းတပ်ဆင်စက်အင်အား (၇၃၂၉)မဂ္ဂါဝပ်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ စွမ်းအင်အမျိုးအစားတွေဟာ ရေအားလျှပ်စစ်မှ (၄၅)ရာခိုင်နှုန်း ၊ သဘာဝဓာတ်ငွေ့မှာ (၅၀)ရာခိုင်နှုန်း ၊ ကျောက်မီးသွေးမှ (၂) ရာခိုင်နှုန်း ၊ ဆိုလာမှ (၂) ရာခိုင်နှုန်း ၊ ဒီဇယ်မှ (၁)ရာခိုင်နှုန်းဖြစ်တယ်လို့ ှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသိပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com