တရုတ်နိုင်ငံထုတ် EV မော်တော်ဆိုင်ကယ်အစီးရေ (၂၀၀) ပြည်တွင်းသို့ ဝင်ရောက်လာ
- 232 views
တရုတ်နိုင်ငံထုတ် EV မော်တော်ဆိုင်ကယ် အစီးရေ (၂၀၀) ဟာ စက်တင်ဘာလ (၉) ရက်နေ့က အေးရှားဝေါလ်ဆိပ်ကမ်းကို ရောက်ရှိလာတဲ့အတွက် စက်တင်ဘာလ (၂၂)ရက်နေ့က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုရောက်ရှိလာတဲ့ မော်တော်ဆိုင်ကယ်တွေဟာ AIMA အမျိုးအစား EV မော်တော်ဆိုင်ကယ်တွေဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေဖြစ်ပါတယ်။ လက်ရှိစက်တင်ဘာလထဲမှာပဲ တရုတ်နိုင်ငံ ထုတ် EV ဆိုင်ကယ်အများအပြား ဆက်တိုက်ဝင်ရောက်လာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင်ကို EV ဆိုင်ကယ်အစီးရေ (၁၀၀)ကျော် ရောက်ရှိလာပါသေးတယ်။
ဒါ့အပြင် နှစ်ဘီးတပ် EV ဆိုင်ကယ် (၁၈၀၀) ကျော်နဲ့ သုံးဘီးတပ် EV သုံးဘီးဆိုင်ကယ် (၂၃၀) ကျော် မှတ်ပုံတင်ခွင့်ပြုပေးထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရဲ့ စာရင်းတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။ EV ဈေးကွက်ထဲမှာ ဝယ်ယူသူတွေ လူကြိုက်များလာလို့ EV မော်တော်ကား ဈေးနှုန်းတွေဟာလည်း လက်ရှိမှာ ဈေးမြင့်တက်နေပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com