- Home
- Car News
- ရန်ကုန်-မန္တလေးအမြန်လမ်းမှာ (၁၀)လအတွင်း ယာဉ်တိုက်မှု(၁၃၀)ကျော်ရှိပြီး သေဆုံးသူ(၇၇)ဦးရှိနေ
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ (၁၀)လအတွင်း ယာဉ်တိုက်မှု(၁၃၀)ကျော်ရှိပြီး သေဆုံးသူ(၇၇)ဦးရှိနေ
- 146 views
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ အခုနှစ် (၁၀)လအတွင်း ယာဉ်တိုက်မှု (၁၃၇)မှုရှိပြီး သေဆုံးသူ(၇၇)ဦး ရှိနေတယ်လို့ အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ လစဉ်ထုတ်ပြန်ပေးနေတဲ့ စာရင်းတွေအရ သိရပါတယ်။ အခုပမာဏဟာ ပြီးခဲ့တဲ့နှစ်ကာလတူထက် (၂၆)ဦးပိုများနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ကာလတူက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှု (၁၄၂)မှုရှိပြီး သေဆုံးသူ (၅၁)ဦးသာ ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ယာဉ်တိုက်မှု (၁၄၂)မှုမှာ ဒဏ်ရာရရှိသူ (၂၃၂)ဦး ရှိခဲ့တယ်လို့ အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ လစဉ်ထုတ်ပြန်ပေးနေတဲ့ စာရင်းတွေအရ သိရပါတယ်။
အခုနှစ် (၁၀)လအတွင်းမှာတော့ ယာဉ်တိုက်မှု(၁၃၇)မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၇၆)ဦး ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မကွေတိုင်းနဲ့ရှမ်းပြည်နယ်ဟာ အခုနှစ်(၁၀)လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးဦးရေပိုများခဲ့တယ်လို့ အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီရဲ့ လစဉ်ထုတ်ပြန်ပေးနေတဲ့ စာရင်းတွေအရ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com