ရန်ကုန်သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိနေဟုဆို
- 200 views
ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိနေပြီး သက်ဆိုင်ရာ ဆီသိုလှောင်ကန်တွေကို စက်သုံးဆီများ ချယူဖြည့်တင်းနေတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာထားပါတယ်။ ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေတဲ့ ဆီတင်သင်္ဘော(၂)စီးရှိတဲ့အပြင် ထပ်မံရောက်ရှိမယ့် သင်္ဘောတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ (၁၀)ရက်နေ့က ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ ပုံမှန်ထက်ပိုရောင်းအားခဲ့လို့ ဆီပြတ်လတ်တဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ Urgent စနစ်နဲ့ ဖြည့်တင်းပေးခဲ့ပြီး လက်ရှိမှာ ပြည်တွင်းမှာအသုံးများတဲ့ (92)Ron ဂါလံ(၁၃)သန်းကျော်၊ (95) Ron ဂါလံ(၃)သန်းကျော် ၊ (97)Ron (၁ ဒသမ ၄)သန်းကျော်၊ ရိုးရိုးဒီဇယ် (၂၉)သန်းကျော်နဲ့ ပရီမီယံဒီဇယ် သန်း (၂၀)ကျော်ရှိနေသေးလို့ စက်သုံးဆီပြတ်လတ်မှု မရှိစေရေး ဖြည့်တင်းပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ကြေညာထားပါတယ်။
လက်ရှိအချိန်မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့စက်သုံးဆီအရောင်းဆိုင်တွေမှာ ပုံမှန်အတိုင်း ဆီဝယ်ယူလို့ရပြီဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာထားပါတယ်။ အခုတစ်ပတ် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေကတော့ (92)Ron တစ်လီတာကို ငွေကျပ်(၂၁၃၀)၊ (95)Ron တစ်လီတာကို ငွေကျပ်(၂၂၅၀)၊ ဒီဇယ်တစ်လီတာကို ငွေကျပ်(၂၁၄၅)နဲ့ ပရီမီယံ ဒီဇယ်တစ်လီတာကို ငွေကျပ် (၂၂၄၅)ကျပ် သတ်မှတ်ထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com