• Home
  • Car News
  • တရုတ်နိုင်ငံထုတ် EV ကား (၁၆)စီး မြန်မာ့စက်မှုဆိပ်ကမ်းသို့ရောက်ရှိလာ

တရုတ်နိုင်ငံထုတ် EV ကား (၁၆)စီး မြန်မာ့စက်မှုဆိပ်ကမ်းသို့ရောက်ရှိလာ

  • 264 views

တရုတ်နိုင်ငံထုတ် SUV (LHD) (Battery Electric Vehicle) အမျိုးအစား (Toyota BZ4X) EV ကား (၁၆)စီး ဟာ နိုဝင်ဘာလ(၃)ရက်နေ့မှာ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)ကိုရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းတွေအတိုင်း စိစစ်ပြီး နိုဝင်ဘာလ(၁၀)ရက်နေ့မှာ သက်ဆိုင်ရာကုမ္ပဏီကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။

အခုတင်သွင်းလာတဲ့ EV ကားတွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ ကားတွေလည်းဖြစ်ပါတယ်။ EV ကားတွေတင်သွင်းခွင့် စပြုခဲ့တဲ့ ၂၀၂၃ ခုနှစ်ဇန်နဝါရီလကစပြီး ပြည်တွင်းကို EV ကားတွေလစဉ် ရာနဲ့ချီဝင်ရောက်နေတာပါ။ ပြီးခဲ့အောက်တိုဘာလ တစ်လထဲမှာပဲ EV မော်တော်ယာဉ် အစီးရေ (၁၀၀) ပြည်တွင်းကို ဝင်ရောက်လာပါတယ်။

အခုနှစ် (၁၀)လအတွင်းမှာပဲ ပြည်တွင်းကို EV ကားအစီးရေ (၁၅၅၅)စီးဝင်ရောက်လာပြီး မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။ EV ကားတွေအပြင် EV ဆိုင်ကယ်နဲ့ EV သုံးဘီးယာဉ်တွေလည်း ပြည်တွင်းဈေးကွက်ထဲကို ဆက်တိုက်ဆိုသလို ဝင်ရောက်လာနေပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com