- Home
- Car News
- တရုတ်နိုင်ငံက ဘတ်(စ်)ကား (၇၀) ရာခိုင်နှုန်းကျော်ကို သန့်ရှင်းစွမ်းအင်သုံး ယာဉ်များနှင့် အစားထိုး
တရုတ်နိုင်ငံက ဘတ်(စ်)ကား (၇၀) ရာခိုင်နှုန်းကျော်ကို သန့်ရှင်းစွမ်းအင်သုံး ယာဉ်များနှင့် အစားထိုး
- 234 views
တရုတ်နိုင်ငံမြို့ပြဒေသတွေရဲ့ ဘတ်(စ်)ကားပြေးဆွဲမှု (၇၀) ရာခိုင်နှုန်းကျော်ကို သန့်ရှင်းစွမ်းအင်သုံး ယာဉ်တွေနဲ့ အစားထိုးထားတယ်လို့ တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ (၂၀) ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံအတွင်းပြေးဆွဲနေတဲ့ ဘတ်(စ်)ကား (၇) သိန်းကျော်ရှိတဲ့အနက် (၅)သိန်းကျော်ဟာ စွမ်းအင်သစ်နဲ့ မောင်းနှင်နေပြီဖြစ်တယ်လို့လည်း တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ မြို့ပေါင်း(၅၄)မြို့မှာ မြို့ပြရထားပို့ဆောင်ရေးကွန်ရက်ဟာ ခရီးသည် (၅၄.၇) ဘီလီယံကျော်ကို တာဝန်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
အခုစီစဉ်နေတဲ့ စိမ်းလန်းတဲ့ခရီးသွားလာရေးကို တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ အပါဝင် ဝန်ကြီးဌာန (၅)ခုက တာဝန်ယူဆောင်ရွက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com