- Home
- Car News
- EV လျှပ်စစ်သုံးယာဉ်အထောက်အကူပြုသင်တန်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် သင်ကြားပေးနေဟုဆို
EV လျှပ်စစ်သုံးယာဉ်အထောက်အကူပြုသင်တန်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် သင်ကြားပေးနေဟုဆို
- 209 views
EV လျှပ်စစ်သုံးယာဉ်နဲ့ပတ်သက်တဲ့ အထောက်အကူပြုသင်တန်းတွေကို အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှာ ပြီးခဲ့တဲ့(၂၀၂၂)ခုနှစ်ကတည်းက သင်ကြားပေးနေပြီဖြစ်ပြီး သင်ကြားပြီးစီးသူတွေလည်းရှိနေပြီဖြစ်တယ်လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကနေ သိရပါတယ်။ ပြည်တွင်းမှာ လျှပ်စစ်သုံးယာဉ်တွေကို အသုံးပြုနေတဲ့ ပြည်သူတွေအဆင်ပြေစေဖို့အတွက်နဲ့ လျှပ်စစ်သုံးယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ကျွမ်းကျင်ပညာရှင်တွေကို မွေးထုတ်ပေးနေတယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာ (၅၅၀)ကီလိုဝပ် လျှပ်စစ်စွမ်းအားနှုန်းရှိတဲ့ ဆိုလာမော်လီကျူး (၈၈)ချပ်တပ်ဆင်ထားတဲ့ EV အားသွင်းစက်နဲ့ (၂၂)ကီလိုဝပ် EV အားသွင်းစက်တွေကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။
အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှာ TOT သင်တန်းဆင်း (၇၄)ဦး ၊ TOTမွမ်းမံသင်တန်းဆင်း (၁၅)ဦး ၊ EV ဆိုင်ရာပုံမှန် ဆင့်ပွားသင်တန်းဆင်း (၇၅)ဦး နဲ့ လျှပ်စစ်သုံးယာဉ် (EV) စစ်ဆေးရေး အထောက်ကူပြု သင်တန်းဆင်း (၃၉)ဦးတို့ကို သင်တန်းဆင်းလက်မှတ်များထုတ်ပေးပြီးဖြစ်တယ်လို့လည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com