- Home
- Car News
- ယခုအပတ် စက်သုံးဆီရည်ညွှန်းဈေး ဓာတ်ဆီဈေးနှုန်းများ မြင့်တက်ပြီး ၊ ဒီဇယ်ဈေးနှုန်းများကျဆင်း
ယခုအပတ် စက်သုံးဆီရည်ညွှန်းဈေး ဓာတ်ဆီဈေးနှုန်းများ မြင့်တက်ပြီး ၊ ဒီဇယ်ဈေးနှုန်းများကျဆင်း
- 112 views
အခုတစ်ပတ် စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေမှာ ဓာတ်ဆီဈေးနှုန်းများ ဈေးမြင့်တက်လာပြီး ဒီဇယ်ဈေးနှုန်းများ ငွေကျပ် (၁၀၀)ကျော် ကျဆင်းသွားတယ်လို့ အပတ်စဉ်ထုတ်ပြန်ပေးနေတဲ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်း တွေအရ သိရပါတယ်။ လက်ရှိမှာ (92)Ron တစ်လီတာကို ငွေကျပ်(၂၁၃၀) နဲ့(95)Ron တစ်လီတာကို ငွေကျပ် (၂၂၅၀) ရည်ညွှန်းသတ်မှတ်ထားတာဖြစ်လို့ အရင်အပတ်ထက် ဈေးမြင့်တက်လာတာဖြစ်တယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ (၁၀) ရက်နေ့က ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ ပုံမှန်ထက်ပိုရောင်းအားများခဲ့လို့ ဆီပြတ်လပ်တဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ Urgent စနစ်နဲ့ဖြည့်တင်းပေးခဲ့ပြီး လက်ရှိမှာ ပြည်တွင်းမှာ အသုံးများတဲ့ (92)Ron ဂါလံ(၁၃)သန်းကျော်၊ (95) Ron ဂါလံ(၃)သန်းကျော် ၊ (97)Ron (၁ ဒသမ ၄) သန်းကျော်၊ ရိုးရိုးဒီဇယ် (၂၉) သန်းကျော် နဲ့ ပရီမီယံ ဒီဇယ်(၂၀) သန်းကျော်ရှိနေသေးလို့ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ဖြည့်တင်းပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ကြေညာထားပါတယ်။
အခုတစ်ပတ် စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေကတော့ (92)Ron တစ်လီတာကို ငွေကျပ်(၂၁၃၀)၊ (95)Ron တစ်လီတာကို ငွေကျပ်(၂၂၅၀)၊ ဒီဇယ်တစ်လီတာကို ငွေကျပ်(၂၁၄၅)နဲ့ ပရီမီယံ ဒီဇယ်တစ်လီတာကို ငွေကျပ် (၂၂၄၅)ကျပ် သတ်မှတ်ထားပါတယ်။လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ပုံမှန်အတိုင်း ဆီဝယ်ယူနိုင်ပြီလို့ နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာလ (၁၄) ရက်နေ့ရက်စွဲနဲ့ ကြေညာထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com