• Home
  • Car News
  • အဝါရောင် ဘေးစတေကာ တပ်ဆင်ပြီးသည့် City Taxi ယာဉ်အစီးရေ (၄၀၀၀၀) ကျော်ရှိနေပြီဖြစ်

အဝါရောင် ဘေးစတေကာ တပ်ဆင်ပြီးသည့် City Taxi ယာဉ်အစီးရေ (၄၀၀၀၀) ကျော်ရှိနေပြီဖြစ်

  • 117 views

 

အဝါရောင် ဘေးစတေကာ တပ်ဆင်ပြီးစီးတဲ့ City Taxi ယာဉ်အစီးရေ (၄၀၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ (၇၀)ရာခိုင်နှုန်းဝန်းကျင် ပြီးစီးနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။ 

အဝါရောင် ဘေးစတေကာ တပ်ဆင်တဲ့လုပ်ငန်းကို နိုဝင်ဘာလ(၁)ရက်နေ့ကနေ စတင်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

အဝါရောင် ဘေးစတေကာတပ်ဆင်လိုတဲ့ City Taxi ယာဉ်တွေဟာ (YRTC)ရုံးမှာလည်း လာရောက် တပ်ဆင်နိုင်သလို ရန်ကုန်စီးတီးတက္ကစီရုံးမှာလည်း သွားရောက်တပ်ဆင်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကြေညာထားပါတယ်။ အဝါရောင် ဘေးစတေကာ တပ်ဆင်တာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားတာဖြစ်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းဖို့ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာ City Taxi အစီးရေ (၆၀၀၀၀)ကျော်ရှိတဲ့အတွက် အဝါရောင် ဘေးစတေကာတပ်ဆင်ဖို့ အစီးရေ (၂၀၀၀၀)ကျော် ကျန်ရှိနေကြောင်းလည်း သိရပါတယ်။ ရန်ကုန်မှာပြေးဆွဲနေတဲ့ CityTaxi ယာဉ်တွေဟာ သတ်မှတ်ညွှန်ကြားချက်တွေကို မလိုက်နာပါက ပညာပေးကာလပြီးဆုံးရင် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကြေညာထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com