- Home
- Car News
- အခုနှစ် (၁၀)လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာယာဉ်တိုက်မှုကြောင့် သေဆုံးသူ(၂၀၀၀) ကျော်ရှိနေ
အခုနှစ် (၁၀)လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာယာဉ်တိုက်မှုကြောင့် သေဆုံးသူ(၂၀၀၀) ကျော်ရှိနေ
- 135 views
(၂၀၂၃)ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ (၁၀)လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၂၀၆၈)ဦးအထိ ရှိနေတယ်လို့ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကနေ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှု (၄၀၅၀)မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၅၆၀၀)ကျော်အထိ ရှိနေတယ်လို့ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ယာဉ်တိုက်ခိုက်မှုအခြေပြဇယားမှာ ဖော်ပြထားပါတယ်။
အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် အခုနှစ်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးဦးရေ လျော့နည်းလာတယ်လို့လည်း အဲဒီဇယားမှာ ဖော်ပြထားပါတယ်။ (၂၀၂၂) ခုနှစ်မှာ အောက်တိုဘာလကုန်အထိ ယာဉ်တိုက်မှု(၄၇၀၀) ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၃၀၀) ကျော်ရှိခဲ့တာပါ။ ဒဏ်ရာရရှိသူကတော့ (၆၆၀၀) ကျော် ရှိခဲ့ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးဖြစ်စဉ်တွေ လျော့နည်းအောင် ဆောင်ရွက်နေတယ်လို့ အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ပြောဆိုထားပါတယ်။ (၂၀၂၃)ခုနှစ် အောက်တိုဘာလအထိ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့ဟာ ယာဉ်တိုက်မှုကြောင့်သေဆုံးသူဦးရေ တိုးလာပေမယ့် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ သေဆုံးသူ လျော့နည်းလာပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com