• Home
  • Car News
  • နိုဝင်ဘာ ၁၄ ရက် လော့စ်အိန်ဂျလိ ကားပြပွဲတွင် ပါဝင်မည့် Toyata ထုတ် Hybrid Crown SUV

နိုဝင်ဘာ ၁၄ ရက် လော့စ်အိန်ဂျလိ ကားပြပွဲတွင် ပါဝင်မည့် Toyata ထုတ် Hybrid Crown SUV

  • 479 views

 

ယခုနှစ်သည် ဂျပန်ကားထုတ်လုပ်သူ Toyata အတွက် အလွန်အလုပ်များသော နှစ်တစ်နှစ်ဖြစ်ပြီး အရှိန်အဟုန် လျော့ကျသွားမည့် အရိပ်လက္ခဏာလည်း မမြင်ရချေ။

ယခုလအစောပိုင်းတွင် Toyota သည် အံ့အားသင့်ဖွယ် သမိုင်းမှတ်တိုင်တစ်ခုသို့ ရောက်ရှိခဲ့ရာ ၁၉၃၅ ခုနှစ်တွင် G1 ထရပ်ကားကို ပထမဆုံးစတင်ထုတ်လုပ်ခဲ့ချိန်မှစပြီး ကားအစင်းရေ သန်း ၃၀၀ ထုတ်လုပ်ခဲ့သည့် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

 

ယခုအခါ Toyota က ၎င်းတို့၏ agenda တွင် နောက်ထပ်ပစ်မှတ်တစ်ခုအတွက် ပြင်ဆင်လျက် ရှိသည်။

တစ်နှစ်တာ၏ ကျန်ကာလများနည်းတူ ဆောင်းရာသီမှာလည်း Toyota အတွက် အလွန်အလုပ်များခဲ့ရာ လွန်ခဲ့သော ရက်သတ္တ အနည်းငယ်အတွင်း ဂျပန်တွင် ပထမဆုံးကျင်းပသည့် ဂျပန်ကားပြပွဲ (လွန်ခဲ့သော နှစ်ပေါင်း ၇၀ နီးပါးအတွင်း တိုကျိုကားပြပွဲဟု ပြသခဲ့ခြင်းဖြစ်) တွင် ပါဝင်ပြသခဲ့သည်။

 

ထို့အပြင် အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ လာ့စ် ဗီးဂပ်စ်တွင် ကျင်းပသည့် ၂၀၂၃ SEMA ပြပွဲတွင်လည်း ပါဝင်ခဲ့သည်။

အမေရိက SEMA ပြပွဲတွင် Retro Cruiser , FJ Bruiser နှင့် Tacoma X-Runner တို့ကဲ့သို့ off-road SUV များနှင့် ထရပ်များကို ပစ်မှတ်ထားပြသခဲ့သည်။

 

 

ယခုအခါ Toyota က နိုဝင်ဘာ ၁၇ မှ ၂၆ ရက်အထိ ကျင်းပမည့် လော့စ်အိန်ဂျလိကားပြပွဲတွင် ပါဝင်ရန် စိုင်းပြင်းလျက်ရှိပြီး ထိုပွဲတွင် ခရီးသည်တင်ကားများနှင့် crossover SUV အထိ တိုးချဲ့ပြသသွားမည် ဖြစ်သည်။

ထိုအချက်များမှာ Toyota USA က လူမှုကွန်ရက်တွင်တင်ခဲ့သော မိတ်ဆက်ကြော်ငြာ Teaser များအရ ခန့်မှန်းရခြင်း ဖြစ်သည်။

 

မကြာသေးမီက တင်ခဲ့သော Teaser တစ်ခုတွင် နိုဝင်ဘာ ၁၄ ရက်၌ Toyota Crown ကို ပွဲထုတ်သွားမည် ဖြစ်ကြောင်း တရားဝင်အတည်ပြုထားသည်။

Toyota သည် 16 generation Crown ကို ပြီးခဲ့သော နွေရာသီက ထုတ်လုပ်ခဲ့ပြီး ထို crossover-sedan ၏ ၂၀၂၄ မော်ဒယ်ကို အမေရိကန်ဈေးကွက်တွင် ကန်ဒေါ်လာ ၄၀၀၅၀ ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

 

လော့စ်အိန်ဂျလိကားပြပွဲတွင် Toyota က Camry  နှင့် Crown SUV များ ဆောင်ကျဉ်းလာဖွယ်ရှိမရှိကို စောင့်ကြည့်ရမည် ဖြစ်သည်။

 

 

(Toyota Crown SUV Specification))

-Powertrain-Hybrid (2.4-liter 4 cylinder and electric motor)

-340hp

Torque-400 lb-ft

0 to 60 in 5.7 seconds

Price- XLE ($41045), Limited ($46645), Platinum ($53445)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Toyota's Hybrid Crown SUV Coming to the LA Auto Show on November 14  (autoevolution)