- Home
- Car News
- အမေရိကန်တွင် ဒေါ်လာ ၂ ဘီလီယံ ထီပေါက်သူ Edwin Castro က vintage Porsche ၂ စင်းနှင့် vintage Volkswagen ၂ စင်းဝယ်ယူ
အမေရိကန်တွင် ဒေါ်လာ ၂ ဘီလီယံ ထီပေါက်သူ Edwin Castro က vintage Porsche ၂ စင်းနှင့် vintage Volkswagen ၂ စင်းဝယ်ယူ
- 514 views
အမေရိကန်ပြည်ထောင်စုတွင် Poweball jackpot ၏ ဆုကြေးအမြင့်မားဆုံးအဖြစ် စံချိန်တင်သော ကန်ဒေါ်လာ ၂ ဘီလီယံထီဆုကြီးကို Edwin Castro ဆိုသူက ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း တန်ဖိုးကြီးမော်တော်ကားများ၊ တန်ဖိုးကြီးစံအိမ်ကြီးများ ဆက်တိုက်ဝယ်ယူလျက်ရှိသည်။
ယခုအခါ ကက်စ်ထရို ဝယ်ယူလိုက်သည်မှာ vintage Porsche ၂ စင်းနှင့် vintage Volkswagen ၂ စင်း ဖြစ်သည်။
ကယ်လီဖိုးနီးယားပြည်နယ်သားဖြစ်သူ ကက်စ်ထရိုသည် စံချိန်တင် ထီဆုကြီး ဆွတ်ခူးပြီးကတည်းက မော်တော်ကားများစွာ ဝယ်ယူလျက် ရှိနေခဲ့သည်။
ကက်စ်ထရိုတွင် ၁၉၈၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော Porsche 911 အဖြူရောင်တစ်စင်း၊ မီးခိုးရောင် Ram 1500 TRX တစ်စင်း၊ Volkswagen Karmann Ghias အနက်ရောင် ၂ စင်းနှင့် အနီရောင် တစ်စင်းတို့ ပိုင်ဆိုင်ထားသည်။
ယခုနောက်ဆုံး ဝယ်ယူလိုက်သည်မှာ ၁၉၇၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော Porsche 356 အစိမ်းရောင်တစ်စင်းနှင့် ၁၉၈၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော အနက်ရောင် Porsche 911 တစ်စင်း တို့ ဖြစ်သည်။
ကက်စ်ထရိုသည် သူ၏ နေအိမ်သစ် ခြံဝန်းအတွင်း ကားရောင်းသူများပြသော ကားများကို ကြည့်ကာ သဘောကျနေသည်ကို တွေ့ရသည်။
ပြီးခဲ့သောနှစ်အတွင်း ဒေသတွင်း ဓာတ်ငွေ့ဆိုင်တစ်ခုတွင် ထီလက်မှတ်ဝယ်ယူခဲ့ပြီးနောက်ပိုင်း ကက်စ်ထရို၏ ဘဝမှာ ပြောင်းလဲသွားခဲ့သည်။
[ထီဆုကြီးဆွတ်ခူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို (အဖြူရောင်ရှပ်အင်္ကျီဖြင့်) သည် ၁၉၇၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော Porsche 911 SC အစိမ်းရောင်နှင့် ၁၉၉၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော အနက်ရောင် Porsche 911 964 Turbo တို့ကို ကြည့်ရှုနေပုံ]
(ကက်စ်ထရို ဝယ်ယူထားသော လော့စ်အိန်ဂျလိမြို့၊ Bel Air အရပ်ရှိ စံအိမ်အတွင်း vintage car များကို လာရောက်ပြသခဲ့ခြင်း ဖြစ်သည်။)
(ဝဲမှယာ-Ram 1500 TRX, အနက်ရောင် Volkswagen Karmann Ghias ၂ စင်းနှင့် နောက်ဆုံး ဝယ်ယူလိုက် သော ၁၉၇၀ ပြည့်လွန်ထုတ် Porsche 911 SC အစိမ်းရောင်နှင့် ၁၉၈၀ ပြည့်လွန်ထုတ် အနက်ရောင် 911 ။ အနီရောင် Karmann Ghia ကိုလည်း ဂိုဒေါင်ထဲတွင် တွေ့နိုင်သည်)
ယခုနှစ် ဖေဖော်ဝါရီလတွင် ကက်စ်ထရိုသည် ၎င်းဆွတ်ခူးခဲ့သော ကန်ဒေါ်လာ ၂ ဒသမ ၀၄ ဘီလီယံ ထီဆုကြီးကို တလုံးတခဲတည်း ထုတ်ယူခဲ့ရာ ကန်ဒေါ်လာ ၉၉၆ ဒသမ ၆ သန်း ရရှိခဲ့သည်။
ယင်းနောက်ပိုင်းကတည်းက ကက်စ်ထရိုကို သူ၏ နေအိမ်သစ် ၃ လုံးတွင် ကားအမျိုးမျိုးဖြင့် တွေ့လာရသည်။
ကက်စ်ထရို ဝယ်ယူခဲ့သော အိမ်များတွင် လော့စ်အိန်ဂျလိမြို့၊ Hollywood Hills အရပ်မှ ဒေါ်လာ ၂၅ သန်းတန် အိမ်နှင့် လော့စ်အိန်ဂျလိမြို့၊ Bel Air အရပ်မှ ကန်ဒေါ်လာ သန်း ၄၀ တန် အိမ်များ အပါအဝင် ဖြစ်သည်။
အခြားအိမ်တစ်လုံးမှာလည်း လော့စ်အိန်ဂျလိတွင်ပင် တည်ရှိပြီး ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိသည်။
(ဇူလိုင်လအတွင်း ကက်စ်ထရိုကို ဒေါ်လာ ၂၅၀၀၀၀ တန် ၁၉၈၀ ပြည့်လွန်ထုတ် Porsche G series 911 ဖြင့် တွေ့ရပုံ)
(စက်တင်ဘာလအတွင်း ဘဏ်တစ်ခုထဲမှ ထွက်လာသော ကက်စ်ထရိုကို Porsche 911 ဖြင့် တွေ့ရပုံ)
(နေ့ချင်းညချင်း ချမ်းသာသွားပြီးနောက် ကက်စ်ထရိုသည် တန်ဖိုးကြီး မော်တော်ကားများစွာ ဝယ်ယူခဲ့သည်)
(ကားလာပြသော ဝယ်ရောင်းများအား ၎င်းတို့ပြသောကားများကို ဝယ်လိုကြောင်း ကက်စ်ထရို ပြောနေပုံ)
(ကက်စ်ထရိုကို မီးပူတိုက်မထားသော တီရှပ်၊ ဘောင်းဘီတိုအပွ၊ အညိုရောင်ကြိုးသိုင်းဖိနပ်တို့နှင့် ပေါ့ပါးစွာ တွေ့ရပုံ)
(ကက်စ်ထရိုက ကားများကို အသေးစိတ်စစ်ဆေးနေပုံ)
(ဆက်စပ်သတင်း)
အမေရိကန်တွင် ဒေါ်လာ သန်း ၂၀၀၀ ထီပေါက်သူက ကမ္ဘာကျော်ကြယ်ပွင့်များ နေထိုင်ရာ Hollywood Hills တွင် ကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းတန်ကြေးရှိ စံအိမ်ကြီး ဝယ်ယူ
https://www.imyanmarhouse.com/news/read/1057727
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: EXCLUSIVE: Lottery winner Edwin Castro splashes out on two new vintage Porsches to add to his luxury car collection as he looks to spend $2billion fortune (dailymail)