• Home
  • Car News
  • သုဘရာဇာဘဝမှ ဂီတဖြင့် ကမ္ဘာကို သိမ်းပိုက်ခဲ့သူ ရော့ဒ်စတီးဝပ်ပိုင်ဆိုင်ခဲ့သော Ferrari တစ်စင်း လေလံတင် ရောင်းချမည်

သုဘရာဇာဘဝမှ ဂီတဖြင့် ကမ္ဘာကို သိမ်းပိုက်ခဲ့သူ ရော့ဒ်စတီးဝပ်ပိုင်ဆိုင်ခဲ့သော Ferrari တစ်စင်း လေလံတင် ရောင်းချမည်

  • 336 views

 

ကမ္ဘာ့ဂီတလောက၏ ဂန္ထဝင်ကြယ်ပွင့်ကြီး ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ဖူးသော ပြိုင်ကားတစ်စင်း လေလံတင် ရောင်းချရန် ရှိနေသည်။

အသက် ၇၈ နှစ်ရှိပြီဖြစ်သော ရော့ခ်ကြယ်ပွင့်ကြီး ရော့ဒ်စတီးဝပ်က အလွန်တရာ ရှားပါးလှသော Ferrari F50 ကို ၁၉၉၇ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုလေလံပွဲတွင် ပေါင် ၃ သန်းအထက် ရရှိဖွယ်ရာ ရှိသည်။

 

 

(ရော့ဒ်စတီးဝပ်က ယခု Ferrari ကို ၁၉၉၇ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Getty)

 

 

(ရော့ဒ်စတီးဝပ်၏ အနီရောင်ပြိုင်ကားကို Collecting Cars လေလံအဖွဲ့က လေလံတင်ရောင်းချပေးမည် ဖြစ်သည်။ ဓာတ်ပုံ-SWNS)

 

 

ယခုမော်ဒယ်မှာ စုစုပေါင်း ၃၄၉ စင်းသာ ထုတ်လုပ်ထားသည်။

 

 

(F50 မော်ဒယ်များသည် မကြာသေးမီနှစ်များအတွင်း ဈေးအလွန်တက်လာခဲ့ပြီး ဤတစ်စင်းမှာ ပေါင် သန်း ပေါင်း များစွာရနိုင်သည်။ ဓာတ်ပုံ-SWNS)

 

F50 ပိုင်ဆိုင်ထားသော အခြားအကျော်အမော်များတွင် ဟဲဗီးဝိတ်ဂန္ထဝင် မိုက်တိုင်ဆန်နှင့် ဟောလိဝုဒ်ကြယ်ပွင့် ကလင့်အိစ်ဝုဒ်တို့ အပါအဝင် ဖြစ်သည်။

F50 သည် Ferrari ၏ အထင်ကရအဖြစ်ဆုံး မော်ဒယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး 4.7-Litre V12 အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 513bhp နှင့် ရုန်းအား 347lb-ft ရှိကာ အမြင့်ဆုံးမြန်နှုန်း 202mph အထိ မောင်းနှင်နိုင်သည်။

Collecting Cars လေလံအဖွဲ့၏ ထုတ်ပြန်ချက်အရ ကား၏ Mileage မှာ ၁၀၉၉၈ ရှိသည်ဟု ဆိုသည်။

အာမခံစာအုပ်တွင် ဖော်ပြထားချက်အရ ဤကားကို ရော့ဒ်စတီးဝပ်က ၁၉၉၇ ခုနှစ် ၊ ဇွန်လတွင် စတင်ပိုင်ဆိုင် ခဲ့ကြောင်း ဖော်ပြသည်။

မှတ်တမ်းများအရ ယခုကားသည် လန်ဒန်မှ ဒူဘိုင်းသို့ ၂၀၀၂ ခုနှစ်တွင် လေယာဉ်ဖြင့် တင်ပို့ခဲ့သည်။

သို့သော် ၂၀၀၇ ခုနှစ်တွင် ဗြိတိန်သို့ ပြန်လည်ရောက်ရှိလာသည်။

Collecting Cars လေလံအဖွဲ့မှ Ed Callow က “ဆာ ရော့ဒ်စတီးဝပ် ဒီကားကို ပိုင်ဆိုင်ခဲ့တဲ့ အချိန်လောက်က စပြီး F50 တွေဟာ ဈေးနှုန်းခေါင်ခိုက်လာခဲ့ပါတယ်။ လေလံပွဲမှာ ဒီကားဟာ ပေါင် ၃ သန်းလောက် ရမယ်ဆိုရင် ကျွန်တော် မအံ့သြပါဘူး”ဟု ပြောသည်။

ရော့ဒ်စတီးဝပ်က ၎င်းအနေဖြင့် ဂီတလောကမှ မည်သည့်အခါမှ အနားယူမည် မဟုတ်ကြောင်း သူ၏ ပရိသတ် များကို မကြာသေးမီက ထုတ်ဖော်ကြေညာထားသည်။

လူမှုကွန်ရက်တွင် ရော့ဒ်စတီးဝပ်က “ကျွန်တော် ဘယ်တော့မှ အနားယူလိမ့်မှာ မဟုတ်ပါဘူး။ ဒီကမ္ဘာပေါ်ကို အဆိုတော်တစ်ယောက်အဖြစ် ရှိနေဖို့ ကျွန်တော် ရောက်လာခဲ့တာပါ။ ဘုရားသခင် အလိုတော်ရှိသမျှ ကာလပတ်လုံး ဂီတခရီး ဆက်လျှောက်နေပါမယ်”ဟု ရေးသားခဲ့သည်။

 

(စပိန်နိုင်ငံ Marbella မြို့တွင် ရော့ဒ်စတီးဝပ်က သူ၏ Ferrari F50 ၏ ကားတံခါးဖွင့်နေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ-Alpha-Angeli-J/J)

 

 

(ကားရူးသွပ်သူ စကော့လူမျိုး ရော့ဒ်စတီးဝပ်က ဤကားကို ၁၉၉၇ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Alpha-Angeli-J/J)

 

 

(ရော့ဒ်စတီးဝပ် ဘာလဲ)

ရော့ဒ်စတီးဝပ်သည် ကလေးဘဝက လန်ဒန်တွင် အချိန်ပိုင်း သုဘရာဇာလုပ်ခဲ့ဖူးသူဖြစ်၏။ သုဘရာဇာဘဝမှ ကမ္ဘာကိုသိမ်းပိုက်ခဲ့သူ ရော့ဒ်စတီးဝပ်၏ ဂီတသံစဉ်များစွာသည်လည်း မြန်မာနိုင်ငံ၏ မြို့တိုင်းတွင် ပျံ့လွင့်ခဲ့ဖူး ၏။ သူ၏ သီချင်းများစွာကို မြန်မာအဆိုတော်တို့ ပြန်လည်သီဆိုအောင်မြင်ခဲ့ကြသည် မဟုတ်လော။

သူ၏ ဘဝဇာတ်ကြောင်းကို မြန်မာနိုင်ငံ၏ နံပါတ် ၁ အိမ်ခြံမြေရောင်းဝယ်ငှား Web Portal ဖြစ်သော iMyanmarHouse.com တွင် လွန်ခဲ့သော ၇ နှစ်ခန့်က ရေးသားတင်ပြခဲ့ဖူးပါသည်။

 

 

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

 

ရော့ဒ်စတီးဝပ်၏ တေးသီချင်းများစွာကို မြန်မာနိုင်ငံတွင် စတီရီယိုဂီတခေတ်ဦးပိုင်းကတည်းက ပြန်လည်သီဆို ခဲ့မှုများရှိသည်။

မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုခဲ့မှုများအနက် အချို့ကို ဖော်ပြရလျှင်….

ရော့ဒ်စတီးဝပ်၏ The First Cuts is The Deepest ကို ပလေးဘွိုင်းသန်းနိုင်နှင့် ဇော်ဝင်းထွဋ်တို့က ပြန်လည်သီဆိုခဲ့ကြပြီး နှစ်ဦးလုံးက စီးကရက်မီးခိုးများဟူသောအမည်ဖြင့် သီဆိုခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သီချင်းကိုပင် ကျော်ဟိန်းက ခဏလောက်ဝေးဝေးနေမယ်ဟူသော အမည်ဖြင့် မျက်ရည်ငှက်များနားစေသတည်း စီးရီးတွင် သီဆိုခဲ့သည်။

Every beat of my heart (နော်မန်) အချစ်ဆိုသည်မှာ သစ္စာဖောက်ခြင်းမျှသာ
Baby jane အတိတ်တစ္ဆေ နော်လီဇာ(မင်းသား -နွဲ့ယဉ်ဝင်း)
To be with you (r ဇာနည်) မဝေးဘူး 


(ပလေးဘွိုင်းသန်းနိုင်၏ ပြန်လည်သီဆိုမှုများ)


Camoflage ကောင်းပါ့မလား 
Passion ချစ်ရမ္မက်
Trouble ပြည်တော်ပြန် ပလေးဘွိုင်း
Infactuation ငါမှန်တယ်အချစ်ရေ
Do you think I'm sexy ဟေ့ကောင်မလေးဘယ်လိုလဲ (အဆိုပါသီချင်းကို တင့်တင့်ထွန်းက ဖက်ရှင်ဟု လည်းကောင်း၊ နွဲ့ယဉ်ဝင်းက ချစ်ရင်ချစ်တယ်ပြောလိုက်ဟုလည်းကောင်း သီဆိုထားကြသေးသည်။)
When we were the new boys (ရင်ဂို) အရူးအမူး
This (ခရစ္စတိုဖာ ) ဇာတ်သိမ်းခန်းရဲ့နောက်ခံသီချင်း 


(ကျော်ဟိန်း၏ ပြန်လည်သီဆိုမှုများ)


Ball trap မီးထဲကလူသား 
You got a nerve ဆုံးဖြတ်ချက်သုညနံပါတ်( ပင်လယ်ပြင်သင်္ဘောမှောက်ခြင်း ဇော်ဝင်းထွဋ်)
Pretty flamingo အပြစ်ရှိသူကကျွန်တော်ပါ (အဆိုပါသီချင်းကို တော်မီကျော်နိုင်နှင့် မာရဇ္ဇတို့လည်း သီဆိုခဲ့ကြပြီး နှစ်ဦးလုံးက ကိုရုပ်ဆိုးဟူသောအမည်ဖြင့် သီဆိုခဲ့ကြသည်)
Sailing ပုလင်းပေါ်ကမြန်မာအက္ခရာ (ဇော်ဝင်းထွဋ်-ရွက်လွှင့်ခြင်း၊ စိုးပိုင်-ဘယ်မှာလဲချစ်သူ)


(ဇော်ဝင်းထွဋ်၏ ပြန်လည်သီဆိုမှုများ)


Human လူ 
Sailing ရွက်လွှင့်ခြင်း
You got a nerve- ပင်လယ်ပြင်သင်္ဘောမှောက်ခြင်း
The First Cuts is The Deepest စီးကရက်မီးခိုးများ
People get ready အသစ်တဖန် 
Ruby Tuesday လျှို့ဝှက်လွန်းတယ် 
Tonight I am yours ညကဗျာ 
Sweet surrender အချစ်ရဲ့အချိုရည်အားများ 
Young turks ရန်များကို ကိုယ်ရှင်းမယ်
Is the thank I got အချစ်တဲ့လား
Forever young ရှင်သန်ရဲ


ထို့အပြင် ဇော်ဝင်းထွဋ်၏ ဂျစ်ပစီမိုးတိမ် တေးစီးရီး တစ်ခွေလုံးမှာ ရော့ဒ်စတီးဝပ်၏ သီချင်းများကို ပြန်လည်သီဆိုထားခြင်း ဖြစ်ရာ အောက်ပါအတိုင်းဖြစ်ပါသည်။


(၀၁) ငါ့ကို အတောင်ပံတွေပေး - Give Me Wings
(၀၂) အားလုံးမှားယွင်း - So Soon We Changed
(၀၃) ချစ်ရမ္မက် - Passion
(၀၄) နွံနစ်ခြင်း - Hot Legs
(၀၅) ဂျစ်ပစီမိုးတိမ် - I Was Only Joking
(၀၆) မင်းအခန်းမင်းပြန်ဦး - Oh God, I Wish I Was Home Tonight
(၀၇) အသည်းနှလုံးငြိမ်းချမ်းရေး - You're In My Heart
(၀၈) နေခဲ့ဦးလေ - Say It Ain't True 
(၀၉) လိပ်ပြာ - Go Out Dancing
(၁၀) I Don't Wanna Talk About It
(၁၁) အသက်ရှင်ခြင်းရဲ့ အဘိဓမ္မာ - Gasoline Alley


(ရင်ဂို၏ ပြန်လည်သီဆိုမှုများ)


Blonde have more fun-လူမိုက်အကြောင်း
Lost in you မင်းလောက်မချစ်ဘူး
Downtown train ဘဝရထားရော့ဒ်စတီးဝပ်၏ She Won`t Dance With Me  အမည်ရှိ သီချင်းကို Rock n`Roll သင်္ကြန်တေးစီးရီးတွင် ကဲနေပြီ ဟူသောအမည်ဖြင့် သင်္ကြန်သီချင်းအဖြစ် သီဆိုထားမှုရှိသည်။


ကမ္ဘာကျော် အဆိုတော် ၃ ဦးဖြစ်သော ရော့ဒ်စတီးဝပ် (Rod stewart)၊ စတင်း (Sting) နှင့် ဘရိုင်ယန် အဒမ်  (Bryan Adams) တို့ ၃ ဦးပေါင်းကာ The Three Musketeers ရုပ်ရှင်ဇာတ်ဝင်တေးအဖြစ်  all for love အမည်ဖြင့် သီဆိုထားသော သီချင်းကို ဇော်ဝင်းထွဋ်၊ ဟယ်ရီလင်းနှင့် ရင်ဂိုတို့က ‘အားလုံးအတွက်’ ဟူသော အမည်ဖြင့် ပြန်လည်သီဆိုထားသည်။

 


(ဆက်စပ်သတင်းများ)

သုဘရာဇာဘဝမှ ကမ္ဘာကျော်အဆိုတော်ကြီးဖြစ်လာသူ ရော့ဒ်စတီးဝပ် (သို့မဟုတ်) ခြုံကြားမှ ဘုံဖျားသို့ တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ အပိုင်း (၇)

https://www.imyanmarhouse.com/news/read/497407

 


ကမ္ဘာကျော်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်က လော့စ်အိန်ဂျလိမြို့ရှိ နှစ်ပေါင်း ၃၀ နေထိုင်ခဲ့သော စံအိမ်ကြီးကို ဒေါ်လာ သန်း ၇၀ ဖြင့် ရောင်းတော့မည် 

https://www.imyanmarhouse.com/news/read/1071722

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  HOT WHEELS Ferrari owned by Rod Stewart could be yours as it goes up for auction for eye-watering price (thesun)