• Home
  • Car News
  • ပွင့်လင်းရာသီရောက်ပြီဖြစ်လို့ လူကူးခုံးကျော်တံတားများ၊မြစ်ကူးချောင်းကူးတံတားများ ကောင်းမွန်ရေးဆောင်ရွက်ဖို့ ရန်ကုန်မြို့တော်ဝန်ညွှန်ကြား

ပွင့်လင်းရာသီရောက်ပြီဖြစ်လို့ လူကူးခုံးကျော်တံတားများ၊မြစ်ကူးချောင်းကူးတံတားများ ကောင်းမွန်ရေးဆောင်ရွက်ဖို့ ရန်ကုန်မြို့တော်ဝန်ညွှန်ကြား

  • 226 views

 

ရန်ကုန်တိုင်းအတွင်းက လူကူးခုံးကျော်တံတားတွေ၊ မြစ်ကူးချောင်းကူးတံတားတွေနဲ မီးရထားခုံးကျော်တံတားတွေကောင်းမွန်ရေး ဆောင်ရွက်ဖို့ ရန်ကုန်မြို့တော်ဝန်က ညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ဒါ့အပြင် ပွင်းလင်းရာသီရောက်ပြီဖြစ်လို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကောင်းမွန်ရေးကို ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တိုက်တာအိုးအိမ်လုပ်ငန်းများ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့နဲ့ ရေစီးရေလာကောင်းမွန် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။ ရန်ကုန်မှာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကောင်းမွန်ဖို့ကို စီမံချက်ချပြီး လုပ်ဆောင်နေသလို ယာဉ်မတော်တဆမှု လျော့နည်းအောင် သုတေသနပြု လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။

အခု (၂၀၂၃) ခုနှစ် (၉)လပိုင်းကုန်အထိ ရန်ကုန်တစ်တိုင်းလုံးမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၃၀၀)ကျော်ရှိပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူ (၆၅၀)ကျော်ရှိနေပါတယ်။ ဒီပမာဏဟာ အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် သေဆုံးသူ (၂၀)ဦး လျော့နည်းလာတယ်လို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com