၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ရှိ ပြည်နယ်တစ်ခုချင်းစီအလိုက် အရောင်းရဆုံး မော်တော်ကားများ
- 248 views
Edmunds မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ရှိ ပြည်နယ်တစ်ခုချင်းစီ အလိုက် အရောင်းရဆုံး မော်တော်ကားများ စာရင်း ပေါ်ထွက်လာသည်။
အဆိုပါ အချက်အလက်များအရ တွေ့ရှိရသည်မှာ ပြည်နယ်တစ်ခုမှလွဲပြီး အခြားပြည်နယ်အားလုံးတွင် အရောင်းရဆုံးကားများမှာ ထရပ်များနှင့် SUV များ ဖြစ်နေသည်ကို တွေ့ရသည်။
(ပြည်နယ်တစ်ခုချင်းစီအလိုက် အရောင်းရဆုံးကားများ စာရင်း)
အယ်လ်ဘားမား - Chevrolet Silverado
အလက်စကာ- RAM
အရီဇိုးနား- Chevrolet Silverado
အာကန်ဆော-GMC Sierra
ကယ်လီဖိုးနီးယား-Tesla Model Y
ကိုလိုရာဒို- Ford F-Series
ကွန်နက်တီကပ်-Toyota RAV4
DC-Toyota RAV4
ဒီလာဝယ်-Chevrolet Silverado
ဖလော်ရီဒါ-Toyota Corolla
ဂျော်ဂျီယာ - Ford F-Series
ဟာဝိုင်အီ-Toyota Tacoma
အိုင်ဒါဟို-Ford F-Series
အီလီနွိုက်စ်-Toyota RAV4
အင်ဒီယာနာ- Chevrolet Silverado
အိုင်အိုဝါ- Chevrolet Silverado
ကင်တပ်ကီ -Chevrolet Silverado
မင်နီဆိုတာ -Chevrolet Silverado
မစ်ဇူရီ -Chevrolet Silverado
နီဘရာစကာ -Chevrolet Silverado
နယူးမက္ကဆီကို -Chevrolet Silverado
မြောက်ဒါကိုတာ- Chevrolet Silverado
အိုဟိုင်းအိုး -Chevrolet Silverado
အိုကလာဟိုးမား -Chevrolet Silverado
တောင်ကာရိုလိုင်းနား- Chevrolet Silverado
အနောက်ဗာဂျီးနီးယား- Chevrolet Silverado
ဝိုင်ယောမင်း-RAM
ဝစ္စကွန်ဆင်-Chevrolet Silverado
အနောက်ဗာဂျီးနီးယား-Chevrolet Silverado
ဝါရှင်တန်-Toyota RAV4
ဗာဂျီးနီးယား-Toyota RAV4
ဗားမွန့်- Ford F-Series
ယူတား-Ford F-Series
တက္ကဆပ်-Ford F-Series
တင်နက်ဆီ-Ford F-Series
တောင် ဒါကိုတာ- Ford F-Series
တောင် ကာရိုလိုင်းနား-Chevrolet Silverado
ရိုဒီ အိုင်းလန်း- Toyota RAV4
ပန်ဆယ်ဗေးနီးယား-Toyota RAV4
အော်ရီဂွန်-Toyota RAV4
အိုကလာ ဟိုးမား-Chevrolet Silverado
အထက်ပါ စာရင်းတွင် ကြည့်မည်ဆိုလျှင် ဖလော်ရီဒါပြည်နယ်တစ်ခုတည်းသာ ဆီဒင်အမျိုးအစား အရောင်းရဆုံး ဖြစ်သည်ကို တွေ့နိုင်သည်။
ဤအချက်မှာ အံ့အားသင့်ဖွယ် မရှိချေ။
အမေရိကတွင် ဆီဒင်များ ကျော်ကြားမှု နည်းပါးလာသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သည်။
ယင်းသို့ ဖြစ်ရခြင်းတွင် အကြောင်းရင်းများ အမျိုးမျိုးရှိရာ ကားစီးသူတို့၏ အကြိုက်ပြောင်းလဲမှု ၊ ထရပ်နှင့် SUV တို့၏ လောင်စာဆီ ထိရောက်မှုနှုန်း မြင့်တက်လာခြင်းတို့ကြောင့်လည်း ပါဝင်သည်။
(EV များ ခြေကုပ်ရလာခြင်း)
အထက်ပါစာရင်းမှ စိတ်ဝင်စားဖွယ် အချက်အလက်ကို ကယ်လီဖိုးနီးယားပြည်နယ်တွင် တွေ့ရသည်။
ကယ်လီဖိုးနီးယားသည် EV အရောင်းရဆုံးတစ်ခုတည်းသောနှင့် ပထမဆုံးပြည်နယ်ဖြစ်ပြီး Tesla Model Y မှာ အရောင်းရဆုံးအဖြစ် ရပ်တည်ခဲ့သည်။
ကယ်လီဖိုးနီးယားသည် အမေရိကန်တွင် Tesla ၏ အားသွင်းစခန်း အများဆုံးပြည်နယ်လည်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ အချက်အလက်များအရ အားသွင်းစခန်းပေါင်း ၃၆၆ ခုရှိသည်။
အမေရိကတွင် EV ရောင်းအား အလွန်ကောင်းသောပြည်နယ်များတွင် ဝါရှင်တန်နှင့် ဒီစီတို့ ပါဝင်သည်။
အဆိုပါ ပြည်နယ်များတွင် Tesla Model Y မှာ ဒုတိယအကျော်ကြားဆုံး မော်တော်ကားအဖြစ် ရပ်တည်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The Best Selling Vehicle in Every State (visualcapitalist)