- Home
- Car News
- ဗီယက်နမ်ကားထုတ်လုပ်သူ VinFast က ဈေးအလွန်သက်သာသော VF3 Mini EV ကို အမေရိကန်ဈေးကွက် သို့ တင်ပို့ရန် သုံးသပ်လျက်ရှိ
ဗီယက်နမ်ကားထုတ်လုပ်သူ VinFast က ဈေးအလွန်သက်သာသော VF3 Mini EV ကို အမေရိကန်ဈေးကွက် သို့ တင်ပို့ရန် သုံးသပ်လျက်ရှိ
- 305 views
ဗီယက်နမ်ကားထုတ်လုပ်သူ Vinfast သည် အမေရိကန်ဈေးကွက်သို့ တင်ပို့မည့် ကားများအနက် ပဉ္စမြောက် ကားမော်ဒယ်အဖြစ် VF3 mini crossover ကို ထည့်သွင်းရန် သုံးသပ်လျက်ရှိသည်။
ဗီယက်နမ်ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားသော VinFast VF3 ကို အမေရိကန်ဈေးကွက်သို့ ကန်ဒေါ်လာ ၂၀၀၀၀ ဖြင့် တင်ပို့မည့်အလားအလာရှိပြီး ချွေတာလိုသော အမေရိကန်နိုင်ငံသားများအတွက် ရည်ရွယ်ထားကြောင်း VinFast ၏ ကိုယ်စားလှယ်များက Automotive News သို့ ပြောသည်။
ယခုနှစ် ဇွန်လတွင် ပထမဆုံးချပြခဲ့သော VinFast VF3 သည် သေတ္တာပုံးဆန်ပြီး၊ တံခါး ၂ ပေါက်ပါ ကားတစ်စင်းဖြစ်ကာ အလျားမှာ ၁၂၂ ဒသမ ၆ လက်မသာရှိရာ တရုတ်ထုတ်ကားတစ်စင်းဖြစ်သော GM နှင့် ၎င်း၏ မိတ်ဖက်များဖြစ်သည့် SAIC , Wuling တို့နှင့် ပူးပေါင်းထုတ်လုပ်ထားသော Baojun Yep မော်ဒယ် အောက် ၁၀ လက်မခန့် အလျားတိုသည်။
VinFast က VF3 mini EV ၏ လျှပ်စစ်မော်တာနှင့် ဘက်ထရီတို့အကြောင်း အသေးစိတ်ထုတ်ဖော် ပြောကြား ခြင်း မရှိချေ။
သို့သော် VinFast VF3 သည် အထင်ကြီးလောက်သည့် မောင်းနှင်နိုင်မှု အကွာအဝေးရှိကြောင်း၊ ဗီယက်နမ် ယာဉ်မောင်းသူအများစုအတွက် နေ့စဉ်လိုအပ်ချက်နှင့် ကိုက်ညီအောင် ထုတ်လုပ်ထားကြောင်း ကုမ္ပဏီက ပြောသည်။
အရွယ်အစားနှင့် ဈေးကွက်အနေအထားအရ မော်တာတစ်လုံးနှင့် 2 Wheel-drive ဖြစ်ဖွယ်ရှိသည်။
VinFast VF3 မော်ဒယ်မှာ အရွယ်အစားသေးငယ်လှသော်လည်း အမေရိကန်မှ ကားရောင်းချသူများက VinFast အနေဖြင့် အမေရိကန်ဈေးကွက်သို့ low-end EV မော်ဒယ်တစ်ခု တင်သွင်းပေးရန် တောင်းဆိုထားကြ သည်ဟု ဆိုသည်။
VinFast ကုမ္ပဏီက ထုတ်ပြန်သည်မှာ အမေရိကန်ဈေးကွက်သို့ VinFast VF3 မော်ဒယ်ကို တင်ပို့ရန် ကားရောင်းသူတို့ထံမှ အပြုသဘောဆောင်သော တုံ့ပြန်မှုများ ရရှိပြီးနောက် ဝယ်လိုအားနှင့် အလားအလာကို သုတေသနပြုလုပ်နေကြောင်း၊ အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဗီယက်နမ်၏ ပထမဆုံး ကားထုတ်လုပ်သူလည်းဖြစ်သော VinFast သည် ဝယ်လက်များထံ တိုက်ရိုက်ရောင်းချ ပေးသည့် စီးပွားရေးပုံစံမှသည် Franchise ယူထားသော ရောင်းချသူများမှတဆင့် ရောင်းချပေးမည့် hybrid လုပ်ငန်းပုံစံသို့ ကူးပြောင်းမည့်အကြောင်း မကြာသေးမီက ကြေညာထားသည်။
လက်ရှိအားဖြင့် VinFast သည် ၎င်း၏ EV များ ရောင်းချရန် အမေရိကန်ပြည်ထောင်စုတဝန်းမှ ကားရောင်းသူ များ ရွေးချယ်လျက်ရှိပြီး ပြည်နယ် တစ်ဒါဇင်ခန့်တွင် ရောင်းချသူပေါင်း ၂၇ ခု ရွေးချယ်ထားပြီးဖြစ်ကာ အဆိုပါ ရောင်းချသူများနှင့် အစည်းအဝေးများ ပြုလုပ်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ultra Cheap VinFast VF3 Mini EV Considered For U.S. Lineup: Report (insideevs)