- Home
- Car News
- ရန်ကုန်မှာ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းစေရှင်းစေဖို့အတွက် မြေပြင်ကွင်းဆင်းသုတေသနပြုလုပ်မည်
ရန်ကုန်မှာ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းစေရှင်းစေဖို့အတွက် မြေပြင်ကွင်းဆင်းသုတေသနပြုလုပ်မည်
- 84 views
ရန်ကုန်တိုင်းမှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစေရှင်းစေဖို့ရည်ရွယ်ပြီး သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ လက်ရှိမှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ်ကဆရာတွေနဲ့ ကျောင်းသားတွေဦးစီးပြီး ပြုလုပ်ထားတဲ့ အချက်အလတ်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အချက်အလတ်တွေနဲ့ တိုင်းကျန်းမာရေးက ရရှိထားတဲ့ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေ၊ မိသားစုဝင်တွေရဲ့ အခြေအနေတွေကို စစ်တမ်းကောက်ယူထားတယ်လို့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစေရှင်းရေးကောင်စီ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီဥက္ကဋ္ဌဦးအောင်နိုင်က ပြောပါတယ်။
အခုလိုအချက်အလတ်တွေပြည့်စုံနေပြီဖြစ်တဲ့အတွက် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းစေရှင်းရေးကောင်စီ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီအနေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး မြေပြင်ကွင်းဆင်းတဲ့လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ မြေပြင်ကွင်းဆင်းတဲ့အခါ လုံခြုံရေးဂရုပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှု (၃၆၃၄) မှုဖြစ်ပွားခဲ့ တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအခြေပြဇယားမှာ ဖော်ပြထားပါတယ်။ အဲဒီယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူ (၁၈၆၄) ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com