• Home
  • Car News
  • သက်တမ်းကုန်တော့မည့် မော်တော်ယာဉ်နှင့်ဆိုင်ကယ်များကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ အခုနှစ်ကုန်အထိ သက်တမ်းတိုးပေးမည်

သက်တမ်းကုန်တော့မည့် မော်တော်ယာဉ်နှင့်ဆိုင်ကယ်များကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ အခုနှစ်ကုန်အထိ သက်တမ်းတိုးပေးမည်

  • 226 views

 

အများပြည်သူသယ်ယူပို့ဆောင်တဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ယာဉ်ပြန်လည်စစ်ဆေးရမယ့်မော်တော်ယာဉ် အမျိုးအစားတွေကိုသာ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းလုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်ရုံး)က အသိပေးကြေညာထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် (၂)နှစ်ကျော်ကြာပိတ်ထားတဲ့ မော်တော်ယာဉ်မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊နယ်ဝင်ယာဉ် စစ်ဆေးခြင်းနဲ့ အခြားပြောင်းလဲခြင်းတွေအတွက် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို စက်တင်ဘာလ(၆)ရက်နေ့က စတင်ပြီး ပြန်လည်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကသိရပါတယ်။ အဲဒီလုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့နေရာမှာ ရုံးမှာလူစုလူဝေးနည်းစေဖို့အတွက် Online ကနေ ကြိုတင်စာရင်းပေးသွင်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လျှပ်စစ်သုံးဘီးဆိုင်ကယ်တွေနဲ့ လျှပ်စစ်ဆိုင်ကယ်တွေ ယာဉ်မှတ်ပုံတင်သက်တမ်းကုန်ဆုံးလို့ ပြန်လည်မှတ်ပုံတင်ပါက တိုင်းဒေသကြီး နဲ့ ပြည်နယ်ပေါ်မူတည်ပြီး မှတ်ပုံတင်ကြေးကို ငွေကျပ်(၂၀၀၀) ကနေ (၆၀၀၀) ကြားမှာ ပေးဆောင်ရမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com