• Home
  • Car News
  • နိုဝင်ဘာလ(၁)ရက်နေ့ကစပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်သွားလာမှု(၂၄)နာရီပြန်လည်ခွင့်ပြု၊Zero မိုင်နှင့် (335) မိုင်တွင် အချိန်ကန့်သတ်ထားဆဲဖြစ်

နိုဝင်ဘာလ(၁)ရက်နေ့ကစပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်သွားလာမှု(၂၄)နာရီပြန်လည်ခွင့်ပြု၊Zero မိုင်နှင့် (335) မိုင်တွင် အချိန်ကန့်သတ်ထားဆဲဖြစ်

  • 328 views

 

သတင်းကျွတ်ကာလ အောက်တိုဘာလကုန်ကစပြီး ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ယာဉ်အသုံးပြုမှုကို (၂၄) နာရီ အချိန်ပြည့် ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ဒါပေမဲ့ Zero မိုင်နဲ့ (၃၃၅) မိုင်တွေမှာတော့ အချိန်ကန့်သတ်ထားဆဲဖြစ်ပြီး ည(၁၂)နာရီကနေ မနက်(၄) နာရီ အထိ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားဆဲဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အမြန်လမ်းမှာ ညဘက်ယာဉ်သွားလာမှုတွေကို အချိန်ကန့်သတ်ထားတာ (၂)နှစ်ကျော်လောက်ရှိနေပြီး အခုနိုဝင်ဘာလကစပြီး အမြန်လမ်းနေရာတချို့ကလွှဲလို့ ပြန်ခွင့်ပြုလိုက်တာပါ။ ရန်ကုန်တိုင်းအတွင်းမှာလည်း ညမထွက်ရအမိန့်ကို အချိန်လျှော့ပြီး ဖြေလျှော့ပေးထားပါတယ်။

အရင်ကအမြန်လမ်းမှာ ယာဉ်သွားလာမှုကို ည(၁၂)နာရီကနေ မနက်(၄) နာရီအထိ ကန့်သတ်ထားတဲ့အတွက် မော်တော်ယာဉ်တွေဟာ ညဘက်သွားလာမှုတွေ မပြုလုပ်တော့တာဖြစ်ပါတယ်။ အဝေးပြေးခရီးသည်တင် ယာဉ်တွေအနေနဲ့ကတော့ နီးစပ်ရာစားသောက်ဆိုင်တွေမှာ ညဘက်ရပ်နားထားရပြီး ကန့်သတ်အချိန် ပြည့်တဲ့အထိ ညအိပ်စောင့်ဆိုင်းကြရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com