• Home
  • Car News
  • ရန်ကုန်မှာတစ်ရက်ကို CNG အသုံးပြုမှု ကုဗပေ(၁၉)သန်းဝန်းကျင်ရှိနေ

ရန်ကုန်မှာတစ်ရက်ကို CNG အသုံးပြုမှု ကုဗပေ(၁၉)သန်းဝန်းကျင်ရှိနေ

  • 264 views

 

ရန်ကုန်တိုင်းအတွင်းမှာ ရောင်းချပေးနေတဲ့ CNG ဆိုင်တွေမှာ တစ်ရက်ကို CNG ကုဗပေ (၁၉) သန်းဝန်းကျင် ရောင်းချပေးနေတယ်လို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။ ဒါ့အပြင်လာရောက် ဖြည့်တင်းတဲ့ CNG သုံးမော်တော်ယာဉ် အစီးရေ (၂၈၀၀၀) ကျော်မှာ ရှိနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ဂတ်(စ်)ပိုက်လိုင်းနဲ့ သွယ်တန်းရောင်းချနေတဲ့ CNG ဆိုင် (၃၅)ဆိုင်၊ တွဲကားတွေနဲ့ လိုက်လံရောင်းချနေတဲ့ ဆိုင်(၆)ဆိုင်ရှိနေပြီး စုစုပေါင်း CNG ဆိုင်ပေါင်း (၄၁)ဆိုင်ရှိတယ်လို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။ တစ်ရက်ကို YBS (CNG) ယာဉ်အစီးရေ (၂၉၀၀)ကျော်၊ Taxi နဲ့ mini ယာဉ်ပေါင်း (၂၅၀၀၀)ကျော် ရှိတယ်လို့လည်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။

အရင်နှစ်တွေတုန်းက သဘာဝဓာတ်ငွေ့ တစ်ကီလိုဂရမ်ကို (၂၇၅)ကျပ်ကျော်ရှိခဲ့ပေမယ့် အခုနှစ်ပိုင်းမှာတော့ တစ်ကီလိုဂရမ်ကို (၃၀၀)ကျော်အထိ ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ လျှပ်စစ်မီး မမှန်တာကြောင့် CNG ဆိုင်တစ်ချို့မှာ CNG ဂတ်(စ်)ဖြည့်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာတွေရှိနေတယ်လို့လည်း ယာဉ်မောင်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းမှာရှိတဲ့ CNG ဂတ်(စ်)ဆိုင်တွေကို ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေကနေ ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ဖြန့်ဖြူးပေးနေတာဖြစ်ပြီး အဲဒီသဘာဝဓာတ်ငွေ့အားနည်းရင် ရခိုင်ကမ်းလွန်မှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့မြေကိုပါ အားဖြည့်အသုံးပြုနေရတယ်လို့ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com