- Home
- Car News
- ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၂၃)
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၂၃)
- 182 views
(၁၀) “မြို့တွင်းနယ်နိမိတ်အဆုံး” ဆိုင်းဘုတ်ကို အောက်ခံအပြာရောင် ထောင့်မှန် စတုဂံပုံအတွင်း သက်ဆိုင်ရာမြို့၏အမည်နှင့် မြို့ပြအဆောက်အအုံပုံတို့အားအဖြူရောင်ဖြင့်လည်းကောင်း၊ အထက်လက်ယာဘက်မှ အောက်လက်ဝဲ ဘက်သို့ ထောင့်ဖြတ်မျဉ်းကို အနီရောင်ဖြင့်လည်းကောင်း ရေးဆွဲရမည်။ထောင့်ဖြတ်မျဉ်း၏ အတိုင်းအတာသည် ၄.၇၅ လက်မ (၁၂ စင်တီမီတာ)ထက် မကျယ်စေရ။ မြို့ချင်းဆက်လမ်းများ၌ မြို့အထွက်တွင် ရောက်ရှိသည့် မြို့၏နယ်နိမိတ်အဆုံးဖြစ်ကြောင်း သိရှိစေလိုလျှင် အသုံးပြုရမည်။ (ပုံ-၁၅၁)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com