သီတင်းကျွတ်ကာလမှာ YBS ယာဉ်တချို့ ညနက်သည်အထိ ပြေးဆွဲမည်
- 329 views
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာပြုလုပ်မယ့် သီတင်းကျွတ်ပွဲတော်ကာလအတွင်း YBS ယာဉ်တချို့ ညနက်တဲ့အထိ ပြေးဆွဲပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြောပါတယ်။
သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲကို လာရောက်လည်ပတ်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ရည်ရွယ်ပြေးဆွဲပေးတာဖြစ်တယ်လို့ (YRTC) ရဲ့တွဲဖက်အတွင်းရေးမှူး ဦးလျင်ကျင့်မာန်က ပြောပါတယ်။
သီတင်းကျွတ်ပွဲတော် ကျင်းပတဲ့ကာလအတွင်းမှာ YBS ယာဉ်လိုင်း (၇)လိုင်းက ကား(၇)စီးနဲ့ ပြေးဆွဲပေးမှာဖြစ်ပြီး ပြည်သူ့ရင်ပြင်ရှေ့မှာ သွားရောက်စီးနှင်းနိုင်ပြီး ည(၉)နာရီခွဲအချိန်အထိ ပြေးဆွဲပေးမှာပါ။
အခုပြေးဆွဲပေးတာဟာ စမ်းသပ်ပြေးဆွဲတာဖြစ်ပြီး နောက်ရက်တွေမှာလိုအပ်ပါက အစီးရေတိုးချဲ့ ပြေးဆွဲသွားမယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာလ(၂၇)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ အောက်ပါယာဉ်လိုင်းတွေက ပြေးဆွဲပေးမှာဖြစ်ပြီး ....
YBS (21) လသာ- ပြည်သူ့ရင်ပြင် - အင်းစိန် (အနောက်ပိုင်းတက္ကသိုလ် - ထန်းတပင်) ၊
YBS (61) ဆူးလေ - ပြည်သူ့ရင်ပြင် - အနောက်ပိုင်းတက္ကသိုလ် - လှိုင်သာယာ ၊
YBS (37) ခြောက်ထပ်ရုံး - ပြည်သူ့ရင်ပြင် - ထောက်ကြံ့ ၊
YBS (116) ဆူးလေ - ပြည်သူ့ရင်ပြင် - မြောက်ဥက္ကလာ - ထောက်ကြံ့ ၊
YBS (62) ကြည့်မြင်တိုင် (ပန်းပင်ကြီးလမ်း) - ပြည်သူ့ရင်ပြင် - ဒဂုံတက္ကသိုလ် ၊
YBS (7) ဆူးလေ (မြို့တော်ခန်းမ) - ပြည်သူ့ရင်ပြင် - အမှတ် (၂)လမ်း (တောင်ဒဂုံ) ၊
YBS (4) ဆူးလေ (မြို့တော်ခန်းမ) - ပြည်သူ့ရင်ပြင် - သာကေတ - ယုဇနဥယျာဉ်မြို့တော် (ဒဂုံဆိပ်ကမ်း) စတဲ့ မှတ်တိုင်တွေကို ပြေးဆွဲပေးသွားမယ်လို့ (YRTC) ကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com