• Home
  • Car News
  • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ EV Taxi များ စတင်ပြေးဆွဲနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ EV Taxi များ စတင်ပြေးဆွဲနေ

  • 525 views


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ရန်ကုန်မြို့တွင်းကို သွားလာမယ့် ခရီးသည်တွေအတွက် EV Taxi တွေ စတင်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ ပြည်တွင်း Taxi ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Grab အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီကနေ သိရပါတယ်။ EV Taxi ပြေးဆွဲပေးနေတဲ့ ဝန်ဆောင်မှုကို EV Luxury ကားတွေနဲ့ အောက်တိုဘာလ (၂၃)ရက်နေ့ကနေ စမ်းသပ်ကာလအဖြစ် စတင်ပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။

EV Taxi ကားတွေရဲ့ အားသာချက်ဟာ ကာဗွန်ထုတ်လွှင့်မှု နည်းပါးတဲ့အတွက် လေထုညစ်ညမ်းမှုကိုလျော့ကျ ပေးနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ EV Taxin ကားတွေ စီးနင်းချင်ရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ Garb Taxi ကောင်တာမှာ စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။ ရန်ကုန်အပါအဝင် နေပြည်တော်နဲ့ မန္တလေးမှာလည်း EV Taxi တွေ ပြေးဆွဲပေးနေပါတယ်။

နေပြည်တော်မှာတော့ EV Taxi တွေကို ဖုန်းဆက်ငှားရမ်းနိုင်ပြီး ခရီးသည်စတက်တာနဲ့ (၁၅၀၀)ကျပ် သတ်မှတ်ပြီး တစ်ကီလိုမီတာသွားတိုင်း ငွေကျပ်(၆၀၀)ကျပ်ကျသင့်မယ်လို့ EV Taxi ဝန်ဆောင်မှု ကုမ္ပဏီတွေက ပြောပါတယ်။ မန္တလေးမှာလည်း ပြင်ဦးလွင်ကနေ မန္တလေးဘူတာကြီးအထိ EV Taxi တွေ ငှားရမ်းနိုင်တယ်လို့  EV Taxi ဝန်ဆောင်မှု ကုမ္ပဏီတွေက နိုင်ပိုင်သတင်းစာနဲ့ သူတို့ရဲ့တရားဝင်လူမှု ကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေကြပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com