- Home
- Car News
- ရန်ကုန်-မန္တလေးအမြန်လမ်းတွင် (၉)လအတွင်းစည်းကမ်းဖောက်ဖျက်တဲ့ယာဉ်အစီးရေ(၁၀၀၀၀)ကျော်ရှိခဲ့
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် (၉)လအတွင်းစည်းကမ်းဖောက်ဖျက်တဲ့ယာဉ်အစီးရေ(၁၀၀၀၀)ကျော်ရှိခဲ့
- 292 views
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် စည်းကမ်းဖောက်ဖျက်တဲ့မော်တော်ယာဉ်အစီးရေ(၁၀၈၄၀)ကို စောင့်ကြည့်ဖမ်းဆီးအရေးယူခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကနေသိရပါတယ်။
အမြန်လမ်းမှာ သတ်မှတ်ထားတဲ့အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်တဲ့အတွက် ဖမ်းဆီးအရေးယူမှု(၉၃၄၅)မှုနဲ့ ထိုင်ခုံခါးပတ်မပတ်လို့အရေးယူထားတဲ့အမှု (၁၄၉၅)မှုရှိခဲ့တယ်လို့လည်း သိရပါတယ်။
အမြန်လမ်းမှာ သတ်မှတ်ထားတဲ့ယာဉ်ကြောကနေမမောင်ဘဲ ကျော်တက်ရမယ့်ယာဉ်ကြောကနေ မောင်းနှင်မှုတွေကိုလည်း သက်ဆိုင်ရာစစ်ဆေးရေး ဂိတ်တွေကနေ စစ်ဆေးအရေးတာတွေလုပ်နေတယ်လို့ လည်းသိရပါတယ်။အမြန်လမ်းမှာ ယာဉ်အမြန်နှုန်းကိုတိုင်းတာတဲ့စက် (၁၁)လုံးရှိပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အိမ်စီးကားတွေကို တစ်နာရီကီလိုမီတာ(၁၀၀)၊ ခရီးသည်တင်အဝေးပြေးကားတွေကို တစ်နာရီကီလိုမီတာ(၉၀)နှုန်းနဲ့ ကုန်တင်ကားတွေကိုတော့ တစ်နာရီကီလိုမီတာ(၆၀)နှုန်းသာ အများဆုံးမောင်းနှင်ဖို့ကန့်သတ်ထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com