- Home
- Car News
- ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ရည်ရွယ်ပြီး ရွှေတိဂုံနှင့်ပြည်သူ့ရင်ပြင်ကိုကူးမည့် မြေအောက်ဥမင်လူကူးလမ်း တည်ဆောက်မည်။
ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ရည်ရွယ်ပြီး ရွှေတိဂုံနှင့်ပြည်သူ့ရင်ပြင်ကိုကူးမည့် မြေအောက်ဥမင်လူကူးလမ်း တည်ဆောက်မည်။
- 293 views
ရွှေတိဂုံစေတီတော်အနောက်ဘက်မုဒ်နဲ့ ပြည်သူ့ရင်ပြင်ပန်းခြံကြားမှာရှိတဲ့ ကားလမ်းကိုဖြတ်ပြီးမြေအောက် ဥမင်လူကူးလမ်းတစ်ခု တည်ဆောက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ ရွှေတိဂုံစေတီတော်နဲ့ ပြည်သူ့ရင်ပြင်ပန်းခြံကို လာရောက်လည်ပတ်တဲ့ပြည်သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ နဲ့ သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီမြေအောက်ဥမင်တည်ဆောက်ဖု့ိအတွက် အောက်တိုဘာလ (၁၉)ရက်နေ့ မနက်ပိုင်းက မြေသန့်မင်္ဂလာပရိတ်တရားနာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပင်မဥမင်အမြင့်ဟာ (၁၁)ပေ မြင့်ပြီးတော့ ပင်မဥမင်ခန်းဖွင့်အကျယ်ကတော့ (၂၃)ပေအကျယ်ရှိပါတယ်။ ဥမင်အလျားကတော့ (၄၅၂)ပေ အရှည်ရှိမှာဖြစ်ပြီး ဝင်ပေါက်(၄)ခု ထားရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။
တစ်နာရီကို လူပေါင်း (၁၄၀၀၀)ဖြတ်သန်းသွားလာနိုင်ပြီးတော့ ရွေ့လျားစက်လှေကား (၄)စင်းနဲ့ မသန်စွမ်းသူများ အသုံးပြုနိုင်တဲ့ ဓတ်လှေကား (၂)စင်းကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းရဲ့ လျာထားကာလကိုတော့ (၁၄)လ သတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com