• Home
  • Car News
  • ရန်ကုန်-မန္တလေးအမြန်လမ်းတွင် (၉)လအတွင်း ယာဉ်တိုက်မှုကြောင့်သေဆုံးသူ(၇၀) ဦးရှိနေ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် (၉)လအတွင်း ယာဉ်တိုက်မှုကြောင့်သေဆုံးသူ(၇၀) ဦးရှိနေ

  • 109 views

 

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ(၉)လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ဦးရေ (၇၀)ဦးရှိခဲ့တယ်လို့ အမျိုးသား ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကနေ သိရပါတယ်။မနှစ်ကာလနဲ့နှိုင်းယှဉ်ရင် အခုသေဆုံးမှုဟာ ပိုများတယ်လို့လည်း သိရပါတယ်။ အရင်နှစ်က သေဆုံးသူ (၄၅)ဦးပဲ ရှိခဲ့တာပါ။

ယာဉ်တိုက်မှုပေါင်းဟာလည်း အခုနှစ် (၉)လအတွင်းမှာ (၁၂၆) မှုရှိခဲ့ပြီး အရင်နှစ်ကတော့ (၁၂၄)မှုပဲရှိခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူဦးရေဟာလည်း (၂၄၅)ဦး ရှိခဲ့ပါတယ်။ အမျိုးသား ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကတော့ ယာဉ်တိုက်မှုလျော့ကျအောင်နဲ့ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ လျော့နည်းအောင်ဆိုပြီး စီမံချက်ချ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေကတော့ တိုးနေဆဲပါ။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းဟာ အရင်(၂၀၂၂)ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်း အခုနှစ်(၉)လအတွင်းမှာ ပိုများပါတယ်။ တစ်ကမ္ဘာလုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ယဉ်တိုက်မှုတွေကြောင့် သေဆုံးမှုနှုန်းပိုများပါတယ်။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအားလုံးရဲ့ (၉၄) ရာခိုင်နှုန်းဟာ လူ့ပယောဂကြောင့် ဖြစ်ပွားနေရတာ ဖြစ်တယ်လို့လည်း အမျိုးသားယာဉ် အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ပြောဆိုထားပါတယ်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com