⚡ 2025 ခုနှစ်အတွင်းအမြန်ဆုံးကားများ Episode(2) ⚡
- 12 views
အရင်အရှေ့ Post မှာတုန်းက (၂၀၂၅) ခုနှစ်အတွင်းအမြန်ဆုံးကား(၁၀)စီးထဲက(၅)စီးကို ပြောပြပြီးဆိုတော့ ဒီတစ်ခါမှာ ကျန်တဲ့(၅)စီးထဲက (၃)စီးအကြောင်းကိုဒုတိယပိုင်းအနေနဲ့ပြောပြပေးသွားချင်ပါတယ်
✅ ၅။ Rimac Nevera R – 267 mph (430 km/h)
မူလ Rimac Nevera ကတည်းက စွမ်းအားကြီးမားတဲ့ လျှပ်စစ် hypercar တစ်စီးဖြစ်ခဲ့ပါတယ်။
အခုဆိုရင် ခရိုအေးရှားကုမ္ပဏီက ထိုထက်ပိုပြီး အံ့ဩဖွယ်ကောင်းတဲ့ Nevera R ကို ထုတ်လုပ်လိုက်ပါပြီ။
လျှပ်စစ်မော်တာ ၄ လုံးကနေ ရရှိမယ့် စွမ်းအားကို ၁,၉၁၄ hp ကနေ 2,107 hp အထိ တိုးမြှင့်လိုက်ကာ အမြင့်ဆုံးအမြန်နှုန်းကိုလည်း 256 mph ကနေ 267 mph (430 km/h) အထိ မြှင့်တင်နိုင်ခဲ့ပါတယ်။
ထို့အပြင် 0 မှ 60 mph ကို 1.7 စက္ကန့် အတွင်းသာ ရောက်ရှိနိုင်ပါတယ်။
✅ ၄။ Hennessey Venom F5 – 272 mph (438 km/h)
အမေရိကန်ပြည်ထောင်စုက ကုမ္ပဏီတွေဟာ အမြန်ဆုံးကားတွေ ထုတ်လုပ်ရေးမှာ နာမည်ကြီးလာပါတယ်။
စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ ဒီကားကလည်း အမေရိကန်ထုတ် စူပါကားတစ်စီးပဲဖြစ်ပါတယ်။
Hennessey Venom F5 မှာ 6.6Litre ၊ V8 အင်ဂျင် တပ်ဆင်ထားပြီး 1817 hp နဲ့ torque 1617 Nm ထွက်ရှိပါတယ်။ ထိုစွမ်းအားသည် 0 မှ 60 mph ကို 2.6 စက္ကန့်အတွင်း ရောက်ရှိစေနိုင်ပြီး
အမြင့်ဆုံးအမြန်နှုန်း272 mph (438 km/h) အထိရှိပါတယ်။
သို့သော် Hennessey ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်အတွင်းမှာ Venom F5 ကို 300 mph (480 km/h) ကျော်အထိ မောင်းနှင်နိုင်ဖို့ ရည်မှန်းထားပါတယ်။
✅ ၃။ Bugatti Tourbillon – 277mph (446 km/h)
၂၀၀၀ ပြည့်လွန်နှစ်တွေကြီးပြင်းလာသူတွေဆိုရင် 'ကမ္ဘာ့အမြန်ဆုံးကား' ဆိုတဲ့ စကားစုက Bugatti Veyron ကား လေယာဉ်တောင်နဲ့ ယှဉ်ပြိုင်တဲ့ Top Gear ရုပ်သံကဏ္ဍကို အမှတ်ရမိကြမှာပါ။
အခုအခါမှာတော့ ဒီကားရဲ့ ဝိညာဉ်ကို ဆက်ခံထားတဲ့ Bugatti Tourbillon ကားအသစ်ကို ရရှိလိုက်ပါပြီ။ V16 hybrid အင်ဂျင် တပ်ဆင်ထားပြီး 1800 hp ထွက်ရှိပါတယ်။
ပေါင် 3.2 သန်း (အလွန်မြင့်မားတဲ့ငွေပမာဏ) နဲ့ ရောင်းချမယ့် ဒီဇိမ်ခံဒုံးပျံဟာ 0 မှ 60 mph ကို 2 secondအောက် နည်းတဲ့ အချိန်အတွင်းမှာ ရောက်ရှိနိုင်ပါတယ်။
အမြင့်ဆုံးအမြန်နှုန်းက 277 mph (446 km/h) အထိရှိပါတယ်။
Bugatti ဟာ ယခင်ထုတ် Chiron ကားကို 300 mph ကျော်အထိ မောင်းနှင်နိုင်ခဲ့တာကြောင့် နောက်နှစ်အနည်းငယ်အတွင်း Tourbillon ရဲ့ ဒီထက်ပိုမြန်တဲ့ ဗားရှင်းတစ်ခု ထွက်ရှိလာနိုင်ဖွယ်ရှိပါတယ်။
ဒါကတော့ Carwow | The free, easy way to change your car online ကဖော်ပြပေးထားတဲ့ ကမ္ဘာအမြန်ဆုံးကား(၁၀)စီးထဲကမှ(၃)စီးကိုဒုတိယပိုင်းအနေနဲ့ဖော်ပြခဲ့တာဖြစ်ပြီးကျန်ရှိနေတဲ့ ကမ္ဘာအမြန်ဆုံးကားစာရင်းမှာပထမ ၊ ဒုတိယနံပါတ်တွေရရှိထားတာကဘာကားလဲဆိုတာကိုဖော်ပြပေးသွားပါမယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com