• Home
  • Car News
  • တရုတ်နိုင်ငံထုတ် EV မော်တော်ဆိုင်ကယ် အစီးရေ (၆၀၀) ကျော်မူဆယ် (၁၀၅)မိုင်သို့ ရောက်ရှိလာ

တရုတ်နိုင်ငံထုတ် EV မော်တော်ဆိုင်ကယ် အစီးရေ (၆၀၀) ကျော်မူဆယ် (၁၀၅)မိုင်သို့ ရောက်ရှိလာ

  • 147 views


တရုတ်နိုင်ငံထုတ် EV မော်တော်ဆိုင်ကယ် အစီးရေ (၆၁၀) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို ရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး သက်ဆိုင်ရာကုမ္ပဏီကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ (၉) ရက်၊ (၁၁) ရက်နဲ့ (၁၂) ရက်နေ့တွေမှာ တရုတ်နိုင်ငံထုတ် KENBO အမျိုးအစား EV မော်တော်ယာဉ်တွေ ရောက်ရှိလာတာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ အဲဒီ EV မော်တော်ဆိုင်ကယ်တွေကို အောက်တိုဘာ (၁၄) ရက်နေ့မှာ ထုတ်ယူခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

အခုအောက်တိုဘာလထဲမှာ EV မော်တော်ဆိုင်ကယ်တွေ ဆက်တိုက်ဝင်ရောက်လာပြီး အစီးရေ ရာနဲ့ချီ ပြည်တွင်းဈေးကွက်ထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ယာဉ်မှတ်ပုံတင်ခွင့်ပြုထားတဲ့ စာရင်းမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ EV မော်တော်ဆိုင်ကယ်နဲ့  EV သုံးဘီးဆိုင်ကယ် အစီးရေ (၂၀၀၀) ကျော်ကို မှတ်ပုံတင်ခွင့်ပြုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်ပရောက် ပုံမှန်ဝင်ငွေရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ သင်္ဘောသားတွေဟာ ဘဏ်ကနေတစ်ဆင့် လစာငွေလွှဲရင် တစ်နှစ်ကို EV မော်တော်ကားနဲ့ EV ဆိုင်ကယ်တစ်စီးနှုန်း တင်သွင်းခွင့်ပါမစ် ခွင့်ပြုပေးမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com