BMW ကားထဲတွင် iPhone 15 Pro ကို ဝိုင်ယာလက်စနစ်ဖြင့် အားသွင်းမိပါက သင်နောင်တရလိမ့်မည်
- 431 views
Apple ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်သည်မှာ iPhone 15 ဖြစ်ပြီး ပြီးခဲ့သော စက်တင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မျိုးဆက်သစ်ဖုန်းတွင် ပိုမိုကောင်းမွန်သော screen ၊ ပိုမိုမြန်ဆန်သော ချစ်ပ်၊ ပိုမိုကြာရှည်ခံသော ဘက်ထရီအစရှိသည်တို့အပြင် အရာအားလုံး အဆင့်မြှင့်တင်ထားပြီး ထုတ်လုပ်ခဲ့သမျှ iPhone များတွင် အကောင်းဆုံးဖြစ်သည်ဟု Apple က ညွှန်းဆိုထားသည်။
၂၀၁၆ ခုနှစ်အတွင်း Samsung က ထုတ်လုပ်ခဲ့သော စမတ်ဖုန်းတစ်မျိုး၏ ဘက်ထရီမှာ အပူချိန်မြင့်မားမှု ပြဿနာ ပေါ်ပေါက်ခဲ့ဖူးသည်။
Samsung က ထုတ်လုပ်ခဲ့သော Galaxy Note 7 တို့၏ ဘက်ထရီများမှာ အပူချိန်မြင့်မားကာ မီးထလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုဖုန်း ဘက်ထရီတို့သည် အပူလွန်ကဲကာ ပေါက်ကွဲခြင်း၊ ဖုန်းမသုံးသည့် အချိန်များတွင်ပင်လျှင် မီးခိုးများ ထွက်လာခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
iPhone 15 ဖုန်းများသည်လည်း အပူချိန်မြင့်မားမှု ပြဿနာရင်ဆိုင်နေရပြီး Apple က ကိုင်တွယ် ဖြေရှင်းနိုင် ခြင်း မရှိသေးချေ။
Galaxy Note 7 ၏ ဖြစ်ရပ်များလောက် အခြေအနေမဆိုးသေးသော်လည်း ယခုပြဿနာကို ဖြေရှင်းပေးမည်ဟု Apple က ကတိပြုထားသည်။
Samsung သည် Galaxy Note 7 series တစ်ခုလုံးကို ပြန်လည်သိမ်းဆည်းကာ အနားပေးခဲ့သည်။
ယခုအခါ iPhone 15 ၏ ဘက်ထရီအပူလွန်ကဲမှု ပြဿနာမှာ ကားနယ်ပယ်နှင့်ပါ ဆက်စပ်လာသည်။
(BMW ၏ ဝိုင်ယာလက် Charger များကြောင့် iPhone များ ထိခိုက်ပျက်စီးခြင်း)
BMW ကားပိုင်ရှင်အချို့က ပြောကြားလာသည်မှာ ၎င်းတို့ကားများရှိ ဝိုင်ယာလက် Charger များကြောင့် iPhone 15 ၏ NFC Sensor ထိခိုက်မှု ဖြစ်ပေါ်လျက်ရှိရာ Apple Pay ဖြင့် ငွေပေးချေမှုများ မလုပ်ဆောင်နိုင် တော့ကြောင်း ပြောကြားမှုများ ရှိလာနေသည်။
အဆိုပါသတင်းများမှာ ယခုရက်သတ္တပတ်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
iPhone 15 ကို BMW ကားရှိ ဝိုင်ယာလက် Charger တွင် အားသွင်းစဉ် ဖုန်းမှာ အပူလွန်ကာ အသုံးပြုမရ တော့ဘဲ ခေတ္တရပ်ဆိုင်းသွားသည့် အခြေအနေများ ပေါ်ပေါက်ခဲ့သည်။
ဝိုင်ယာလက်စနစ်ဖြင့် ၁၀ မိနစ်ခန့်သာ အားသွင်းရသေးချိန်တွင် ဖုန်းမှာ အပူလွန်ကာ Data Recovery Mode သို့ ရောက်ရှိသွားသည်။
ဘက်ထရီ အပူလွန်ကဲမှုကြောင့် ထို mode သို့ ရောက်ရှိသွားခြင်း ဟုတ်၊ မဟုတ်ကို အသေအချာ မသိရသေး ချေ။
iPhone 15 တွင် အအေးခံစနစ်တစ်ခု ပါဝင်ပြီး ဖုန်းအပူချိန်လွန်ကဲလာလျှင် ထိုစနစ် စတင်အလုပ်လုပ်သည်။
ဖုန်းအပူချိန်ကျဆင်းသွားချိန်အထိ အသုံးပြု၍ မရတော့ဘဲ လော့ကျသွားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Don't Wirelessly Charge an iPhone 15 Pro in a BMW, or You'll Instantly Regret It (autoevolution)