• Home
  • Car News
  • တရုတ်နိုင်ငံထုတ် VOYAH အမျိုးအစား လျှပ်စစ်ကားသစ် မိတ်ဆက်ပွဲ ရန်ကုန်တွင်ပြုလုပ်

တရုတ်နိုင်ငံထုတ် VOYAH အမျိုးအစား လျှပ်စစ်ကားသစ် မိတ်ဆက်ပွဲ ရန်ကုန်တွင်ပြုလုပ်

  • 541 views


Asia Pacific Automaker Corporation ကနေ တင်သွင်းလာတဲ့ တရုတ်နိုင်ငံထုတ် EV ကားအမျိုးအစား တစ်ခုဖြစ်တဲ့ VOYAH လျှပ်စစ်ကားသစ် မိတ်ဆက်ပွဲကို အောက်တိုဘာလ (၁၂) ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ Novotal ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။အဲဒီ VOYAH လျှပ်စစ်ကားသစ် ဇိမ်ခံကားဖြစ်ပြီးတော့ Dreamer နဲ့ Free လို့ အမည်ပေးထားပါတယ်။

 

 

VOYAH အမျိုးအစား EV ကားတွေဟာ အားလပ်ရက်မိသားစု အပန်းဖြေခရီးထွက်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ VOYAH Dreamer ရဲ့ Battery ကို First Charging နဲ့ (၁၀၀) ရာခိုင်နှုန်းအပြည့် အားသွင်းပြီး အများဆုံး ကီလိုမီတာ (၆၀၀) နီးပါး သွားနိုင်တဲ့အတွက် ခရီးထွက်ဖို့ အဆင်ပြေတယ်လို့ Asia Pacific Automaker Corporation ရဲ့CEO ကိုဇော်မိုးသန့်က ပြောပါတယ်။

VOYAH Dreamer နဲ့ Free ကားဟာ အလိုအလျောက် မောင်းနှင်နိုင်တဲ့စနစ်လည်း ပါဝင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီ EV ကားသစ် မိတ်ဆက်ပွဲကို အနုပညာရှင်တချို့လည်း တက်ရောက်ခဲ့ပါတယ်။

 

 

၂၀၂၃ ခုနှစ် (၉) လတာအတွင်း ပြည်တွင်းမှာ EV မော်တော်ယာဉ် အစီးရေ (၉၁၈) စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လစဉ်ထုတ်ပြန်နေတဲ့ မော်တော်ယာဉ်မှတ်ပုံတင်စာရင်းအရ သိရပါတယ်။ ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ လူစီး EV မော်တော်ယာဉ် (၉၁၆) စီးနဲ့ ကုန်တင်ယာဉ် (ဝန်ပေါ့) (၂) စီးတို့ကို မှတ်ပုံတင်ခွင့်ပြုပေးထားတာပါ။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com