- Home
- Car News
- ယခုနှစ်စက်တင်ဘာလကုန်အထိ မြန်မာတစ်နိုင်ငံလုံးမှာယာဉ်တိုက်မှု(၃၆၀၀)ကျော်ဖြစ်ပွား၊ သေဆုံးသူ (၁၈၀၀)ကျော်ရှိနေ
ယခုနှစ်စက်တင်ဘာလကုန်အထိ မြန်မာတစ်နိုင်ငံလုံးမှာယာဉ်တိုက်မှု(၃၆၀၀)ကျော်ဖြစ်ပွား၊ သေဆုံးသူ (၁၈၀၀)ကျော်ရှိနေ
- 95 views
အခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလကုန်အထိ မြန်မာတစ်နိုင်ငံလုံးမှာယာဉ်တိုက်မှု (၃၆၃၄) မှုဖြစ်ပွားခဲ့ တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအခြေပြဇယားမှာ ဖော်ပြထားပါတယ်။ အဲဒီယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူ (၁၈၆၄) ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ယာဉ်တိုက်မှုတွေကြောင့် သေဆုံးမှုပမာဏဟာ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် သေဆုံးသူဦးရေလျော့နည်း လာပါတယ်။ အရင်နှစ်က စက်တင်ဘာလကုန်အထိ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ (၂၀၀၀) ကျော် ရှိခဲ့တာပါ။ ဒီနှစ်မှာတော့ (၁၈၆၄) ဦးပဲရှိလို့ သေဆုံးသူဦးရေ (၂၃၀) ကျော် လျော့နည်းလာတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူဦးရေဟာလည်း (၅၉၀၀) ကျော် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူဦးရေ (၄၉၀၀) ကျော်ပဲရှိလို့ ဒဏ်ရာရရှိသူ (၁၀၀၀) ကျော် လျော့နည်းနေတယ်လို့လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းအကြီးမှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအခြေပြဇယားမှာ ဖော်ပြထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com