• Home
  • Car News
  • ဒီလိုကြိုက်ရာကားနံပါတ်ကိုတက်စီးနိုင်ဖို့ အစပြုခဲ့တဲ့ YBS ဆိုတာဘယ်ကလဲ.......

ဒီလိုကြိုက်ရာကားနံပါတ်ကိုတက်စီးနိုင်ဖို့ အစပြုခဲ့တဲ့ YBS ဆိုတာဘယ်ကလဲ.......

  • 1017 views

485112221_1055967376567377_1784551420362179365_n.jpg

Yangon Bus Service (အတိုကောက် YBS) သည် မြန်မာနိုင်ငံ၏စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့အတွက် အကောင်အထည်ဖော်ခဲ့သည့် ဘတ်စ်ကားဖြင့် သယ်ယူပို့ဆောင်ရေး ကွန်ယက်စနစ်တစ်ခု ဖြစ်သည်။ထိုစနစ်ကို Yangon Region Transport Committee (YRTC) ဟုခေါ်သော ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်‌ကော်မတီ တာဝန်ယူ ကွပ်ကဲတာပဲ ဖြစ်ပါတယ်။

YBS ကိုမစတင်ခင်က သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့် (မ.ထ.သ)ကို  ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီက ကြီးကြပ်ကွပ်ကဲခဲ့တာဖြစ်ပြီးနေ့စဉ် တစ်နေ့ကိုခရီးသည် 2.8 millions ထိတောင် စီးနှင်းသူတွေရှိခဲ့တာပါ  ရန်ကုန်မြို့ရှိ ဘတ်စ်ကားပေါင်း ၇,၈၀၀ ရှိသည့် အနက်မှ  အစီးရေ ၄,၀၀၀ ခန့်သည် ယာဉ်လမ်းကြောင်းပေါင်း ၃၀၀ ခန့်အား  ရန်ကုန်မြို့တွင်း လူသွားလူလာများသော လမ်းမကြီးများတစ်လျှောက် နေ့စဉ်ပြေးဆွဲပေးနေခဲ့သည်။

ထို မ.ထ.သ စနစ်ကိုဖျက်သိမ်းလိုက်ရသည့်အကြောင်းအရင်းထဲကတစ်ခုမှာ ဘတ်စ်ကားယာဉ်မောင်းသူများသည် ဘတ်စ်ကားကုမ္ပဏီများ၏ မူလစည်းကမ်းချက်များကို ဆန့်ကျင်၍ ခရီးသည်များ၏ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုပြီး  ၎င်းတို့၏ယာဉ်လိုင်းများထဲမှ လမ်းကြောင်းတူအခြားသောဘတ်စ်ကားများထက် ခရီးသည်များများရရှိကာ အကျိုးအမြတ်များများ ရရှိစေရန် အန္တရာယ်ကြီးစွာ အပြိုင်အဆိုင် ယှဉ်ပြိုင်မောင်းနှင်ကြသည့်အတွက် တိုင်ကြားစာများ များပြားလာခဲ့ခြင်းကြောင့် ဖြစ်သည်။

ယာဉ်အကူလုပ်သား (အရပ်အခေါ် စပါယ်ယာ) များကိုလည်း ၎င်းတို့၏ ဆိုးသွမ်းလှသော သဘောထား၊ ပြုမူလုပ်ဆောင်ချက်များနှင့် ခရီးစဉ်လမ်းကြောင်းအတွက် ကျသင့်သည်ထက် ယာဉ်စီးခများ ပိုမိုကောက်ခံခြင်း စတဲ့အချက်တွေကြောင့်ဖြစ်တယ်လို့တော့ သိရပါတယ်။

အဲ့လိုမ.ထ.သ စနစ်တွေကိုရပ်နားလိုက်ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံမှ Government To Government ဖြင့် မှာယူထားသော Yutong, Ankai Model အသစ်များ ၊ Transportation Company များမှ မှာယူထားသော Foton Model အသစ်များ ၊ တောင်ကိုရီးယားမှ တစ်ပတ်ရစ်ဘတ်စ်ကားများ ၊ Mini Bus များဖြင့် ၂၀၂၄ ခုနှစ်အထိ ရရှိထားသည့် ဒေတာများအရ ၁၃၂ လိုင်း ပြေးဆွဲလျက်ရှိပါသည်။

ဒါဟာဆိုရင်တော့ YBS နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာပုံနဲ့ အသေးစိတ်အချက်အလက်တွေကို မသိသေးတဲ့သူတွေအတွက် သိရှိအောင် Sharing လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com