• Home
  • Car News
  • ၂၀၂၃ ခုနှစ်နောက်ပိုင်း ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည့် နာမည်ကြီး ကားမော်ဒယ်များ

၂၀၂၃ ခုနှစ်နောက်ပိုင်း ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည့် နာမည်ကြီး ကားမော်ဒယ်များ

  • 1345 views

 


အထင်ကရ ကားကုမ္ပဏီကြီးများသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည့် နာမည်ကြီး ကားမော်ဒယ်များစာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။

ကားထုတ်လုပ်သူများသည် လျှပ်စစ်ကားများဆီသို့ ကူးပြောင်းလာသည်နှင့်အမျှ မော်ဒယ်မျိုးဆက်ဟောင်း များကို နှုတ်ဆက်ထားရစ်ခဲ့ပြီး လာမည့်နှစ်တွင် ဆက်လက်ထုတ်လုပ်တော့မည် မဟုတ်ချေ။

 

 

 

(ဤကားများမှာ ၂၀၂၄ ခုနှစ်တွင် မထုတ်လုပ်တော့မည့် ကားများ ဖြစ်သည်။ ဓာတ်ပုံ-Getty)

 

 

 

(၁။ Ferrari Portofino -ထုတ်လုပ်ခဲ့သည့် ကာလအပိုင်းအခြား 2018-2023)

 

လာမည့်လအနည်းငယ်အတွင်း ပြိုင်ကားချစ်သူများအနေဖြင့် Ferrari ၏ အထင်ကရ အဖြစ်ဆုံး မော်ဒယ်များ တွင် တစ်ခုအပါအဝင် ဖြစ်သော Portofino ကို လွမ်းဆွတ်တမ်းတကြရတော့မည် ဖြစ်သည်။

အဆိုပါ ကားမော်ဒယ်ကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း အီတလီကားထုတ်လုပ်သူ Ferrari က အတည်ပြုထားသည်။

ထိုမော်ဒယ်ကို ၂၀၁၈ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့ပြီး ယခုအခါ အနားပေးတော့မည်ဖြစ်ပြီး မော်ဒယ်သစ် Portofino M က အစားထိုး နေရာယူလာမည် ဖြစ်သည်။

Ferrari သည် လျှပ်စစ်ကားနှင့် hybrid တို့ဆီသို့ ကူးပြောင်းရန် စီစဉ်လာချိန်တွင် Portofino မှာ ကားသမိုင်းထဲတွင်သာ ကျန်ရစ်တော့မည် ဖြစ်သည်။

 

 

( Ferrari Portofino ကို ၂၀၂၄ ခုနှစ်တွင် ဆက်လက်ထုတ်လုပ်တော့မည် မဟုတ်ချေ။ ဓာတ်ပုံ- Supplied)

 

 

 

((၂။ Nissan Maxima  -ထုတ်လုပ်ခဲ့သည့် ကာလအပိုင်းအခြား 1980-2023))

Nissan Maxima သည် ၄၃ နှစ်ကြာ ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်း မကြာမီ ကားလောကမှ ပျောက်ကွယ်သွား တော့မည် ဖြစ်သည်။

မကြာသေးမီ နှစ်များအတွင်း ဤမော်ဒယ် ရောင်းအားကျဆင်းခဲ့ပြီးနောက် ကုမ္ပဏီက ထုတ်လုပ်မှု ရပ်ဆိုင်းသွား မည်ဟု အတည်ပြုထားသည်။
Maxima သည် ကားချစ်သူများအကြား နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သည်။

သို့သော် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဆွဲဆောင်မှု နည်းပါးလာခဲ့သည်။

ကားထုတ်လုပ်သူတို့သည် EV ဆီသို့ ကူးပြောင်းလာသည်နှင့်အမျှ လူကြိုက်နည်းသော ဓာတ်ဆီအင်ဂျင်များကို ကျောခိုင်းလာခဲ့ကြသည်။

Nissan ကုမ္ပဏီက ထုတ်ပြန်သည်မှာ ၎င်းတို့အနေဖြင့် လျှပ်စစ်ကားများကိုသာ ဦးစားပေးတော့မည် ဖြစ်ပြီး Nissan Maxima နှင့်ပတ်သက်သည့် သတင်းကို နားစွင့်ထားကြပါရန် ထုတ်ပြန်ထားသည်။

ကားကျွမ်းကျင် ပညာရှင်များက ပြောသည်မှာ Nissan  အနေဖြင့် လာမည့်နှစ်များတွင် Nissan Maxima ကို လျှပ်စစ်ကားအဖြစ် ပြောင်းလဲဖွယ်ရှိကြောင်း ပြောကြသည်။

 

 

 (Nissan Maxima သည် ကားချစ်သူများအကြား အလွန်ကျော်ကြားခဲ့သော်လည်း ယခုအခါ ရောင်းအား ကျဆင်းလျက် ရှိသည်။ ဓာတ်ပုံ-Getty)

 

 

((၃။ Lamborghini Huracan- ထုတ်လုပ်ခဲ့သည့် ကာလအပိုင်းအခြား 2014-2023 ))

နာမည်ကြီး Lamborghini Huracan မှာ နိဂုံးချုပ်တော့မည့်အချိန်သို့ ရောက်လာပြီဖြစ်သည်။ V10 မော်ဒယ်များကို နောင်အခါတွင် မှာယူနိုင်တော့မည် မဟုတ်ချေ။

ဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ၉ နှစ်အကြာ၊ လာမည့် ၂၀၂၄ ခုနှစ်တွင် အဆိုပါပြိုင်ကား မော်ဒယ်များမှာ ကားပြခန်းများမှ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

Lamborghini ၏ အကြီးအကဲတို့က ပြောသည်မှာ လာမည့် ၂၀၂၄ နှစ်ကုန်တွင် ၎င်းတို့၏ ကားအားလုံးမှာ Hybrid အဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

 

(Lamborghini Huracan ကို ၂၀၁၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ ဓာတ်ပုံ- Getty)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  END OF THE ROAD Major car brands are discontinuing popular motors after 2023 (the-sun)