• Home
  • Car News
  • EV ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ သက်တမ်းကုန်လို့ ပြန်လည်မှတ်ပုံတင်ပါက မှတ်ပုံတင်ကြေး ငွေကျပ် (၆၀၀၀) ဝန်းကျင်ပေးဆောင်ရမည်

EV ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ သက်တမ်းကုန်လို့ ပြန်လည်မှတ်ပုံတင်ပါက မှတ်ပုံတင်ကြေး ငွေကျပ် (၆၀၀၀) ဝန်းကျင်ပေးဆောင်ရမည်

  • 265 views

 

လျှပ်စစ်ဆိုင်ကယ်အတွက်ယာဉ်မှတ်ပုံတင်သက်တမ်းကို (၄) နှစ် သတ်မှတ်ထားပြီး လျှပ်စစ်သုံးဘီးဆိုင်ကယ်အတွက် ယာဉ်မှတ်ပုံတင်သက်တမ်းကို (၂)နှစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

လျှပ်စစ်သုံးဘီးဆိုင်ကယ်တွေနဲ့ လျှပ်စစ်ဆိုင်ကယ်တွေ ယာဉ်မှတ်ပုံတင်သက်တမ်းကုန်ဆုံးလို့ ပြန်လည်မှတ်ပုံတင်ပါက တိုင်းဒေသကြီး နဲ့ ပြည်နယ်ပေါ်မူတည်ပြီး မှတ်ပုံတင်ကြေး ငွေကျပ်(၆၀၀၀) ကနေ (၂၀၀၀) ကြားမှာ ပေးဆောင်ရမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။


မှတ်ပုံတင်ထားတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို အုပ်စု (၃) စု ခွဲထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ဟာ အုပ်စု(၁) မှာပါဝင်ပြီး ငွေကျပ် (၆၀၀၀) ပေးဆောင်ရမှာပါ။ နေပြည်တော်၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကိုတော့ အုပ်စု(၂) အဖြစ် သတ်မှတ်ထားပြီး မှတ်ပုံတင်ကြေး ငွေကျပ်(၄၀၀၀) သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ဟာ အုပ်စု (၃) ဖြစ်ပြီး မှတ်ပုံတင်ကြေး ငွေကျပ်(၂၀၀၀) သတ်မှတ်ထားပါတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com