• Home
  • Car News
  • Jetour X90 Plus ကို Gold AYA Motors မှ မိတ်ဆက်ပွဲအခမ်းအနား

Jetour X90 Plus ကို Gold AYA Motors မှ မိတ်ဆက်ပွဲအခမ်းအနား

  • 201 views

Jetour Auto မှ ထုတ်လုပ်သည့် Jetour အမှတ်တံဆိပ် SUV B အမျိုးအစား Jetour X90 Puls မော်ဒယ်အား GOLD AYA မှ ဒီဇင်ဘာလ ၂၇ ရက်နေ့ ၊ Sedona Hotel တွင် စတင်မိတ်ဆက်ခဲ့ပါသည်။

တသွင်သွင်စီးဆင်းနေသည့် ရေတံခွန်အလား အရှေ့ Grill Platterm နှင့်ခန့်ညားထည်ဝါသည့် အသွင်အပြင်ဖြင့် Jetour X90 Plus သည် Jetour မှ X Series SUV များထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်ပြီးခုံ ၃ တန်းပါဝင်ကာ ၇ ယောက်စီးကားအမျိုးအစားဖြစ်သည်။

2.0 လီတာ Turbo Charge အင်ဂျင်နှင့်အတူ 7 Speed DC transmission ကို တွဲဖက်ပေးထားသောကြောင့် အမြင့်ဆုံးမြင်းကောင်ရေ (PS) 254 နှင့်အမြင့်ဆုံး Torque (N.m) 390 အထိပါဝင်သည်။ 255/45 R20 (Aluminium Alloy Rims) Wheel Type ဖြစ်ပြီး ဆီးစားနှုန်းမှာ 8.1L/100 km ရှိသည်။ မိသားစုများ မြို့ပြင် / မြို့တွင်းအသုံးပြုမှုအထူးအဆင်ပြေသည်

GOLD AYA Motors ၏ Comporate Manager ကိုနောင်နောင်ထွန်းက "အရည်အသွေးကောင်းမွန်ပြီး မိသားစုများအတွက် ဖန်တီးထုတ်လုပ်ထားတဲ့ Premium SUV တစ်စီးဖြစ်တယ်လို့အခိုင်အမာ ယုံကြည်ပါတယ်" ဟုပြောကြားခဲ့သည်။

Jetour X90 Plus ကိုအဖြူရောင် ၊ အနက်ရောင် နှင့်ခဲ့ရောင် သုံးမျိုးရွေးချယ်နိုင်သည်။ အမှတ်၂ (ဒီ) ကြည့်မြင်တိုင်ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့နှင့် ၇၈ လမ်းနှင့် သိပ္ပံလမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့အရောင်းပြခန်းများတွင် ဒီဇင်ဘာ ၂၇ ရက်နေ့မှ စတင်ဝယ်ယူနိုင်သည်။

ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး Jetour ကားများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည်။ Jetour ကားများအား မြန်မာနိုင်ငံတွင် Aftersales Service ကိုကောင်းစွာသောဝန်ဆောင်မှုပေးသောကြောင့် ဝယ်ယူသူများစိတ်ချယုံကြည်စွာရွေးချယ်ဝယ်ယူကြပြီး ယခုအခါ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရောင်းပြခန်းများထားရှိကာ အရည်အသွေးမြင့် Jetour ကားများကို ရောင်းချလျက်ရှိသည်။

Jetour X90 Plus ၏ Exterior ၊ Interior  ၊ Performance နှင့် Safety ပိုင်းစသည့်အချက်များ...

(Jetour X90 Plus )


Exterior 

ကားအရှေ့ - Headlamp သည် Daytime Running Lamps ပါသော Matrix LED ဖြစ်သည်။ Grill သည် ရေတံခွန်အသွင် တောက်ပခန့်ညာသည့် The new bold look front cascading grill ပုံစံ စမတ်ကျသည့် အသွင်အပြင်ဖြစ်သည်။

Interior

ကားအတွင်း - ကားရှေ့ခန်း ထိုင်ခုံ ၂ ခုံတွင် အပူပေးစနစ် တပ်ဆင်ထားပြီး မော်တာဖြင့် ချိန်ညှိနိုင်သည်။ မျက်နှာပြင် ၃ခု ပါရှိကာ ယာဉ်မောင်းနှင်သူ (Driver Info)အတွက် Cluster, Infotainment အတွက် Touch Screen  နှင့်  Center Console တွင် အဲကွန်းထိန်းချုပ်မှု (Air Conditioning Control) Touch Screen ပါရှိသည်။ SONY Preminm Audio System တပ်ဆင်ထားပြီး Wireless Charger, CarPlay နှင့် Android Auto ပါဝင်သည်။ အတွင်းထိုင်ခုံ ၃ တန်းအတွက် အဲကွန်း (Independent Air Conditioner) ပါဝင်သည်။ ကားအတွင်းတွင် Ambient Ligh လည်း ထည့်သွင်းအသုံးပြုပေးထားသည်။

Cargo Space 

ပစ္စည်းတင်ခန်း - Volume of Luggage က 1130L (Rear seat fold) အကျယ်ရှိပြီး နောက်ခုံခေါက်ထားလျှင် Suitcase ၄လုံး ကောင်းမွန်စွာဆံ့သော အကျယ်အဝန်းရှိသည်။ နောက်ဖုံးတွင် အရိပ်ယောင်ပြလျှင် အလိုအလျောက်ပွင့်သည့် (Kick Sensor) ပါဝင်သည်။


Performance

အမြင့်ဆုံးအရှိန် - Jetour X90 Plus ၏ Performance အပိုင်းတွင် အမြင့်ဆုံးအရှိန် (km/hr) သည် 190 အထိရှိသည့်အပြင် Minimum Ground Clearance (Mm) သည် 210 mm ဖြင့်မောင်းနှင်နိုင်သည်။

Safety

Safety Features - Jetour X90 Plus ၏ လုံခြုံမှုအပိုင်းတွင် ရုတ်တရက်လမ်းကြောင်းပြောင်းလျှင် သတိပေးသောစနစ် (Lance Departure Warning ) ၊ တောင်ကုန်း တောင်တက်များတွင် အထောက်ကူပြုစနစ် (Hill-Start Assist Control) ကြမ်းတမ်းသောမြေမျက်မှာပြင်ရှိသည့် မတ်စောက်သောတောင်ကုန်များတွင် ဘေးကင်းစွာသွာဆင်းသက်နိုင်ရန် အထောက်အကူပြုစနစ် (Hill- Descent Control)၊ ယာဉ်ကိုထိန်းချုပ်နိုင်စေရန် ကူညီပေးသည့် အီလတ်ထရောနစ် ထိန်းချုပ်သည့် စနစ် (Electronic Stability Control)၊ Anti-Rollover, Adaptive Cruise Control, LKA (Lane Keeping Assist), အလိုအလျောက်အရေးပေါ် ဘရိတ် (Automotive Emergency Braking System) , Integrated Congestion Assistance , အမြန်နှုန်း ကန့်သတ်ချက် သတိပေးစနစ် (Speed Limit Auxiliary), High Beam Assits များထည့်သွင်း အသုံးပြုထားသောကြောင့် Safety အတွက် ဘက်ပေါင်းစုံမှ စိတ်ချရသည့် ကားတစ်စီးဖြစ်သည်။

 

 

 

 

 

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com